Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် YBSယာဥ်များ CNGမရ၍ မြို့တွင်းသွားလာသူများ အခက်ကြုံ

CNG ပိုက်လိုင်းပေါက်သောကြောင့် ယာဥ်များ CNG လုံလုံလောက်လောက် မရ၍ အစီးရေအပြည့် မပြေးဆွဲနိုင်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ၊ Tun Tun Lin/FB
ဓာတ်ပုံ - CJ၊ Tun Tun Lin/FB

CNG အလုံအလောက်ရရန် တစ်ပတ်ခန့်ကြာနိုင်ဟုဆို

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBSယာဥ်များ CNG အလုံအလောက် မရသောကြောင့် အစီးရေပြည့် မပြေးဆွဲနိုင်၍ ဇူလိုင် ၂၂ ရက်တွင် မြို့တွင်း သွားလာသူများ အခက်အခဲကြုံခဲ့ရသည်။

“ညနေ ကအလုပ်ပြန်တော့ တကယ်ပါ။ ကားစောင့်‌နေရတာတစ်နာရီ။ ကားရတော့လဲတိုးဝှေ့ပြီး စီးလာခဲ့ရတဲ့ဘဝတွေ။ ပြဿနာအစက မအလ ကောင်းမှုတွေကြောင့်။” ဟု မြို့တွင်းသွားလာသူ ပြည်သူတစ်ဦးက ပြောသည်။

CNG ပိုက်လိုင်းပေါက်သောကြောင့် ယာဥ်များ CNG လုံလုံလောက်လောက် မရ၍ အစီးရေအပြည့် မပြေးဆွဲနိုင်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပိုက်ပေါက်လို့လို့ပြောတယ်။ Gas မရတော့ ဒီနေ့ကားအစီးရေ လည်းနည်းတယ်။ ဒီည Gas ပြန်ရရင်တော့ ပုံမှန်အတိုင်းပြန်ထွက်မယ်။ အစီးရေတော့ နည်းနိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - CJ၊ Tun Tun Lin/FB
ဓာတ်ပုံ – CJ၊ Tun Tun Lin/FB

ပြေးဆွဲသည့် YBS အစီးရေ နည်းသောကြောင့် မှတ်တိုင်များတွင် ခရီးသည်များ နာရီနှင့်ချီ၍ စောင့်ဆိုင်းခဲ့ရပြီး လာသည့်ကားများမှာလည်း လူများပြည့်နေသောကြောင့် တတ်၍ပင်မရကြောင်း ခရီးသည်များက ပြောကြားသည်။

“YBS စောင့်နေကြတာ အယောက်တရာလောက်ရှိတယ် ကားတွေက လဲလာသမျှ အပြည့်ပဲ Taxi ဆရာတွေလဲ ဝင်ဝင်လာကြတယ် ဒါပေမယ့် Taxi ​တော်တော်များများလဲ သုံးနာရီလောက်ကြာ အောင် Gas စီနေကြရတုန်း။ဒါတောင် YBS မှာ ကားအပေါဆုံးထဲမှာပါတဲ့။ 12 နဲ့ 29 သွားတဲ့လမ်းနော် တခြားလမ်းကြောင်းရှည်ကားရှားတဲ့လမ်းတွေဆိုမလွယ်ဘူးဗျာ။ ဒီပုံအတိုင်းဆို အောက်ဆိုဒ်တွေပါပေါလာတော့မယ်ထင်တယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ထို့အပြင် ညပိုင်းအထိ ကားမရ၍ စောင့်ဆိုင်းနေရသောကြောင့် လမ်းကြောင်းတူသူများ Taxi ငှား၍ ပြန်သင့်ကြောင်း ၊ခရီးသည် အချင်းချင်း အကြံပေးထားပြီး လူမှူကူညီရေးအသင်းအချို့ကလည်း အခက်အခဲဖြစ်နေသည့် ခရီးသည်များကို လိုက်လံပို့ဆောင်ပေးခဲ့သည်။

“၆ နာရီခွဲလောက်ကစပြီး လိုက်‌ပို့ပေးတာ။တာမွေရယ် အင်းစိန်ရယ် မြင်သာ ရယ်ပို့ပေးဖြစ်တယ် အခုတော့ လမ်းပေါ်မှာ သိပ်မရှိတော့ဘူး “ဟု ယနေ့ည ၉နာရီခွဲ အချိန်ခန့်တွင် လူမှူကူညီရေး အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - CJ၊ Tun Tun Lin/FB
ဓာတ်ပုံ – CJ၊ Tun Tun Lin/FB

“မြန်မာပြည်သူတွေ အရမ်းသနားဖို့ကောင်းတယ်။ သက်တောင့်သက်သာလေး အသားကျနေတာကို လုပ်ရက်လိုက်တဲ့လူတစ်စုကြောင့် ကျောက်ခေတ်လူသား ဘဝပြန်ရောက်ကုန်ပီ” ဟု ခရီးသည် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကားကြပ်သည်ကို အခွင့်အရေးယူ၍ ခါးပိုက်နှိုက်သည့် ဖြစ်စဉ်များလည်းရှိသောကြောင့် သတိထားရန် ခရီးသွားအချင်းချင်းသတိပေးနေသည်။

CNG ပိုက်လိုင်းပြုပြင်ရန် တစ်ပတ်ခန့်ကြာမြင့်နိုင်သောကြောင့် YBS စီးနင်းသူများအနေဖြင့် ယခင်ထက် အချိန်စော၍ အိမ်မှထွက်ကြရန်လည်း ခရီးသွားတစ်ဦးက အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။