Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း၊ ကြည့်မြင်တိုင်တို့တွင် YBS စီးနင်းသူများအတွက် လူမှုကူညီရေး အဖွဲ့များ ကူညီပြေးဆွဲပေးနေ

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် နေ့စဉ် YBS အစီးရေ သုံးထောင်ကျော် ပြေးဆွဲပေးပြီး ခရီးသည် ၁၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - ရောင်စဥ်မဲ့ပရဟိတအသင်း/စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့
ဓာတ်ပုံ - ရောင်စဥ်မဲ့ပရဟိတအသင်း/စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့

CNG ဂတ်စ် အလုံအလောက်မရ၍ အခက်အခဲကြုံနေရသည့် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ (ဇူလိုင် ၂၃) နံနက်ပိုင်း ရုံးတက်ချိန်၌ YBS ယာဥ် စီးနင်းသူများ အဆင်ပြေစေရန်အတွက် လူမှုကူညီရေးအဖွဲ့များက ကူညီပြေးဆွဲပေးနေကြောင်း ဒေသခံများမှ တဆင့်သိရသည်။

ယနေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ကစတင်၍ စမ်းချောင်းမြို့နယ် ဟံသာဝတီ အဝိုင်း ကားမှတ်တိုင်မှ ဆူးလေအထိ စမ်းချောင်းအရန်မီးသတ် ပရဟိတအဖွဲ့က ကူညီပြေးဆွဲနေပြီး ကြည့်မြင်တိုင်မှ ဆူးလေအထိ ရောင်စဥ်မဲ့ လူမှုကူညီရေး အသင်းက ကူညီပြေးဆွဲပေးနေသည်။

“ဒီနေ့ ​မနက်ပိုင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းမှ ကား ၂ စီးနဲ့ ကြည့်မြင်တိုင် -ဆူးလေကို ၂ကြိမ်တိတိ နိုင်ရာဝန် ထမ်းပေးခဲ့ပါတယ်။ လိုင်း‌ကားတွေက ပြန်တော့ထွက်နေပါတယ်။ ညနေပိုင်း ရုံး/သင်တန်းမှ အပြန် (၆ နာရီ) နောက်ပိုင်း လိုင်းကားအခက်ခဲဖြစ်ပါက မိမိပြန်မယ့်အိမ်နဲ့ နီးစပ်ရာလူစုပြီး ကျွန်တော်တို့ဆီ ဆက်သွယ်နိုင်ပါတယ်။ လူကြီးမင်းတို့ စုရပ်မှနေအိမ်နီးစပ်ရာ အထိအခမဲ့ ကူညီပို့ဆောင်ပေးပါမယ် “ဟု ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ကိုသန်းထိုက်အောင် (09259967778 / 09799639331) လူမှုကွန်ရက် ၌ ဖုန်းနံပတ်နှင့်တကွ ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ရောင်စဥ်မဲ့ပရဟိတအသင်း/စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့

ထို့အပြင် ယနေ့ ညနေပိုင်း ရုံးဆင်းချိန်တွင်လည်း YBS စီးနင်းသူများ အခက်အခဲရှိပါက ကူညီပို့ ဆောင်ပေးရန် ယာဥ်နှစ်စီး စီစဥ်ထားကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ ပရဟိတအဖွဲ့မှ ကိုရဲသူရိန်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ မနက် YBS အခက်အခဲ ရှိသူတွေအတွက် ဟံသာဝတီအဝိုင်းကနေ ဆူးလေအထိ လူနာတင်ယာဥ်တစ်စီးနဲ့ ကူညီပို့ဆောင်ပေးပါတယ်။ ညနေပိုင်း ရုံးဆင်းချိန် လိုအပ်ချက် များနိုင်တဲ့အတွက် ကူညီဖို့ နှစ်စီးစီစဥ်ထားပါတယ် “ဟု ကိုရဲသူရိန် (09795673978) က ရေးသားဖော်ပြခဲ့သည်။

CNG ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သောကြောင့်ဟု ဆိုကာ ယမန်နေ့ ဇူလိုင် ၂၂ ရက် ညနေ ရုံးဆင်းချိန်၌ ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် YBS ယာဉ်အရေ အတွက် နည်းပါးမှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရသည်။

ဓာတ်ပုံ - ရောင်စဥ်မဲ့ပရဟိတအသင်း/စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့
ဓာတ်ပုံ – ရောင်စဥ်မဲ့ပရဟိတအသင်း/စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့

ထို့ကြောင့် လူမှူကူညီရေးအသင်းအချို့က မှတ်တိုင်များတွင် စောင့်နေသည့် ခရီးသွားပြည်သူ များကို ကူညီပို့ဆောင်ပေးကြခြင်း ဖြစ်သည်။

“မနေ့က ညနေထဲက အိမ်ပြန်ဖို့ ခက်နေချိန် ပရဟိတကားတွေ လာခေါ်ပေး တော့ အဆင်ပြေသွားတယ်။ ဒီနေ့လည်း လိုင်းပေါ်ကနေ ကူညီတဲ့အသင်းတွေရဲ့ ဖုန်းနံပတ်တွေ မှတ်ထားတယ်။ ကျွန်တော်တို့မှာ ပြည်သူအချင်းချင်းပဲ အားကိုးနေရတာ ဆိုတော့ ကူညီပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် ” ဟု ရန်ကုန်မြို့နေ YBS စီးနင်းသူ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် နေ့စဉ် YBS အစီးရေ သုံးထောင်ကျော် ပြေးဆွဲပေးပြီး ခရီးသည် ၁၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

သတင်း

ဒလတံတားပေါ်ကနေ ပြေးဆွဲနေတဲ့ YBSကား ကြမ်းခင်းပေါက်ကနေ (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေ‌ဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။