Connect with us

Hi, what are you looking for?

သတင်း

ခေါင်းဆောင်သစ်ပြန်ရွေးမည့်ညီလာခံကို မဖြစ်မနေကျင်းပသွားမည်ဟု KNU ပြော

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း KNU နယ်မြေများ၌ စစ်ကောင်စီ တပ်နှင့် တိုက်ပွဲပေါင်း ၅,၈၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄,၀၀၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာ လည်းရှိခဲ့သည်။

((၁၆)ကြိမ်မြောက် KNU ညီလာခံကို ၂၀၁၇ မတ်လ၁၄ ရက်က ထိုင်း - မြန်မာနယ်စပ် လောခီးလာတွင် ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU)
((၁၆)ကြိမ်မြောက် KNU ညီလာခံကို ၂၀၁၇ မတ်လ၁၄ ရက်က ထိုင်း - မြန်မာနယ်စပ် လောခီးလာတွင် ကျင်းပနေစဥ်၊ ဓာတ်ပုံ - KNU)

စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်ရေး ပြဿနာကြီးမားဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖွဲ့စည်းပုံအရ KNU ညီလာခံကို အထူး အခြေအနေအောက်၌ ၂နှစ်သာ ရွှေ့ဆိုင်းနိုင်၍ ညီလာခံကို မဖြစ်မနေကျင်းပ သွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

KNUညီလာခံကို လေးနှစ်တစ်ကြိမ် ကျင်းပပြီး ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ များကို ပြန်လည်ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့ လေးနှစ်တစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော် လည်း ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ KNU ဖွဲ့စည်းပုံအရဆိုရင်တော့ လေးနှစ်တစ်ခါလုပ်ရတဲ့ ကွန်ကရက်ဟာ အခုက လေးနှစ်မကလို့ ၅နှစ်ခွဲတောင် ကျော်လာပြီလို့ ပြောလို့ရတယ်။ ။ ကျွန်တော်တို့ ဖွဲ့စည်းပုံခွင့်ပြု ချက်အရ အထူးအခြေအနေ အောက်မှာနော်။ အထူးအခြေအနေဆိုတာက ရောဂါဘယ ဖြစ်တာပဲဖြစ်ဖြစ် နောက်ပြီး စစ်ရေးအခြေအနေရှုပ်ထွေးနေပြီးတော့ ဘယ်လိုမှ ကျင်းပလို့ မရတဲ့အနေအထားမျိုးမှာ နှစ်နှစ်ရွှေ့ ဆိုင်းလို့ရတယ်။အခုကျွန်တော်တို့ ရွှေ့ဆိုင်းတာ ကိုဗစ်ကြောင့်၊ ကိုဗစ်ကြောင့်ကျွန်တော်တို့ ခေါင်းဆောင် တွေ ဆုံးပါးသွားရတာလည်းရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုဗစ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ စစ်ရေး ။ စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ နေရာ ဒေသအသီးသီးမှာ တိုက်ပွဲဖြစ်နေကြတာ။ ဒီလို ကွန်ကရက်တစ်ခု ကျင်းပဖို့ဆိုတာ တော်တော်အန္တရာယ်ကြီးတယ်။ ကျွန်တော်တို့ လုံခြုံရေး ပြဿနာတွေရှိတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

မကြာသေးမီကပင် KNUတပ်မဟာ(၅)နယ်မြေရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းကို စစ်ကောင်စီ တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ မဟာမိတ် AAကနေ ရဲဘော်တွေ ၆ယောက်တောင်ဆုံး သွားတယ်ဆိုတာ ဒါလုံး၀ မဖြစ်သင့်တဲ့ဟာလေ။ ကျွန်တော်တို့ အဲဒါကို အများကြီး စဉ်းစားရတယ်။ဒီလိုကွန်ကရက် ကျင်းပတယ်ဆိုတာ တစ်ရက်နဲ့ပြီးသွားတာ မဟုတ်ဘူး။ ဆိုတော့ အဲဒါလုံခြုံရေး အထူးသဖြင့် လေကြောင်းရန်ကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာ တော်တော်ပြဿနာ ကြီးတယ်။ ဒီဟာတွေက လူတိုင်းလည်း သိနေတဲ့ကိစ္စဆိုတော့ ကျွန်တော်တို့ အလေးအနက် စဉ်းစားတဲ့အပေါ်မှာ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် ရက်အတိအကျ ဘယ်လိုမှ သတ်မှတ်လို့မရပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်နှစ်ကျော်လာပြီးရင် မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ရမယ်ဆိုတာ ကျွန်တော်တို့ သံဓိဌာန်ချထားတယ်။

ဘာဖြစ်လို့လည်းဆိုရတော့ ကျွန်တော်တို့(KNU)ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုချက် အဲဒီလောက်ပဲရှိတယ်ဆိုတော့ ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ်” ဟု ပဒိုစောတောနီးက ပြောသည်။

(၁၆)ကြိမ်မြောက် KNU ညီလာခံကို ၂၀၁၇ က ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ညီလာခံသို့ KNU ခရိုင် နှင့်တပ်မဟာ ခုနစ်ခုမှ ခေါင်းဆောင် ကိုယ်စားလှယ် ၂၀၀ကျော်တက်ရောက်ခဲ့သည်။

လက်ရှိတွင် KNUသည် စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်း ကြေညာပြီး စစ်ကောင်စီ တပ်ကို စစ်ရေးအရ တုံ့ပြန်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဒေသတွင်းသို့ ရောက်လာသူများကို ခိုလှုံခွင့်ပေးခြင်း၊ စစ်ပညာသင်ပေးခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် စစ်အာဏာရှင် ဖြုတ်ချရေး ရည်မှန်းချက်တူသည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း KNU နယ်မြေများ၌ စစ်ကောင်စီ တပ်နှင့် တိုက်ပွဲပေါင်း ၅,၈၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄,၀၀၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာ လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။