Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီယန္တရားလည်ပတ်ဖို့ ကူညီနေသောထောက်တိုင်များအား တိုက်ခိုက်မည့် ‘နတ်မျက်စိ’ စစ်ဆင်ရေးစတင်ပြီဟု ရန်ကုန် UGအဖွဲ့ သတိပေး

God’s Hand Forces ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းများတွင် မြောက်ဒဂုံ ကြည်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မရမ်းကုန်း Ocean စင်တာ မီးပွိုင့်ရှိ ယာဥ်ထိန်းရုံးကို ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။

ဓာတ်ပုံ - အေဖက်ပီ
ဓာတ်ပုံ - အေဖက်ပီ

စစ်ကောင်စီယန္တရားလည်ပတ်ဖို့ ကူညီနေသောထောက်တိုင်များနှင့် စီးပွားရေး ဗန်းပြ နောက်ကွယ် ကလက်မည်းများကို ခုတ်ဖြတ်မည့် ‘နတ်မျက်စိ’ စစ်ဆင်ရေးစတင်ပြီဟု ရန်ကုန်အခြေစိုက် UG အဖွဲ့ဖြစ်သော God’s Hand Forces အဖွဲ့က ယနေ့(ဇူလိုင် ၂၅)တွင် အသိပေးထုတ်ပြန်သည်။

နောက်ကျောက မသိမသာ ထိုးနေသော ဓားများ၊ စစ်ကောင်စီယန္တရား လည်ပတ်ဖို့ တစ်ဖက်လှည့် နှင့် ကူညီနေသော ထောက်တိုင်များ၊ ထင်ယောင် ထင်မှား ဖြစ်စေဖို့ အပျော့ဆွဲနှင့် စနစ်တကျ ပြည်သူကို ရေလိုက်လွဲစေသူများ အပါအဝင် စီးပွားရေးဗန်းပြ စစ်ကောင်စီ လက်ဝေခံ နောက်ကွယ်က လက်မည်းများကို ခုတ်ဖြတ်မည့် စစ်ဆင်ရေးတစ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။

&စစ်ကောင်စီ ပြန်ကြားရေး လက်ဝေခံနာမည်ပြောင်း ကုမ္ပဏီနဲ့ အမည်ခံ လူပုဂ္ဂိုလ်တွေကိုပါ။ ရည်ရွယ်ချက်ကတော့ သူတို့က စစ်ကောင်စီကို သွယ်ဝိုက်သောနည်းနဲ့ လက်တစ်လုံးခြားလုပ်ပြီး ထောက်ကန်ပေးနေတဲ့ ထောက်တိုင်တွေ ဖြစ်တာကြောင့် အရင်ဆုံးသတိပေးမယ် မလိုက်နာရင် အရေးယူမယ် ဒါပါပဲ”ဟု God’s Hand Forces မှ ရဲဘော်တစ်ဦးက ပြောသည်။

GHF က ရည်ညွှန်းသည့် စစ်ကောင်စီထောက်တိုင် ကုမ္ပဏီနှင့် လုပ်ငန်းများ၏ အမည်ကို လတ်တလောတွင် ထုတ်ဖော်အငိပေးရန်မရှိသေးဘဲလိုအပ်မှသာ ထုတ်ပြန်သွားမည်ဟု ၎င်းရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ‘နတ်မျက်စိ’စစ်ဆင်​ရေးကို GHF မှ မဟာမိတ်အဖွဲ့များထံ အသိပေးထားပြီး လိုအပ်ပါက မဟာမိတ်များ၏အကူအညီပါ ရယူသွားမည်ဟု အသိပေးထားသည်။

God’s Hand Forces ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းများတွင် မြောက်ဒဂုံ ကြည်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မရမ်းကုန်း Ocean စင်တာ မီးပွိုင့်ရှိ ယာဥ်ထိန်းရုံးကို ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook