Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်သို့ အင်အားတိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ မိနစ် ၂၀ကြာတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

(ရွှေဘိုခရိုင် တပ်ရင်း (၈)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)
(ရွှေဘိုခရိုင် တပ်ရင်း (၈)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်)

တန့်ဆည်မြို့နယ် အက်ုက္ကားကျေးရွာသို့ အင်အားတိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ညပိုင်းက အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကြာ ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၈)၊ တပ်ခွဲ(၁) Guerrilla Warfare K.P.K က ယနေ့(ဇူလိုင် ၂၇) ထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၆)ည ၁၁ နာရီခွဲခန့်တွင် အက်ုက္ကားရွာသို့ အင်အားတိုးလာသော စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး မိနစ် ၂၀ ကြာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးများနိုင်သော်လည်း အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုပ်သံမှတ်တမ်းများအား လတ်တလော အက်တာနက်ဖြတ်တောက်ခံထားရခြင်းကြောင့် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း ရွှေဘိုခရိုင် တပ်ရင်း (၈)၊ တပ်ခွဲ (၁)မှ အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ