Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမကိုယနေ့နံနက်ပိုင်းမှစ၍အသုံးမပြုရန်PDF များအသိပေး

ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။

(ဇူလိုင်လ၂၅ရက်က မုံရွာ-မန္တလေးလမ်းပေါ်တွင်စစ်ကောင်စီယာဥ်များPDFများကဒရုန်းဖြင့်တိုက်ခိုက်​နေစဥ်)
(ဇူလိုင်လ၂၅ရက်က မုံရွာ-မန္တလေးလမ်းပေါ်တွင်စစ်ကောင်စီယာဥ်များPDFများကဒရုန်းဖြင့်တိုက်ခိုက်​နေစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်း Moe Nyo Revolution Force ကအသိပေးကြေညာသည်။

ယနေ့ (ဇူလိုင်လ၂၇ရက်)နံနက်၉နာရီမှနောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း(မုံရွာ-မန္တလေးလမ်း)အား လုံးဝအသုံးမပြုလုပ်ရန် MoeNyo Revolution Force က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါအချိန်အတွင်း သွားလာခြင်းများကြောင့် တစ်စုံရာထိခိုက်ခြင်းများဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်းပြင်းပြင်းထန်ထန် အသိပေးအပ်ပါသည်ဟု Moe Nyo Revolution Force ကဆိုသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်အကြမ်းဖက်စစ်ကောင်စီယာဥ်များအား မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ထိုလမ်းပိုင်း၌ ပြီးခဲ့သည့်ဇူလိုင်လ၂၅ရက်နေ့တစ်ရက်တည်း အကြမ်းဖက်စစ်တပ်ယာဥ်များ ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။