Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၊ မြို့နယ်သုံးခုတွင်စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်ပစ်ခတ်နေ

ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။

(ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့စဥ်။ ။ဓာတ်ပုံ-CJ)
(ယခင်ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့စဥ်။ ။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ မြင်းမူ၊ ဝက်လက်မြို့နယ်များတွင် စစ်​ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်လာ​ရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်လ၂၇ရက်) နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်သည်စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာနှင့်မူးသာရွာတို့တွင်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ကာ တပ်သားများချခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဆက်လက်ပြီး မူးသာရွာမှထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်သည် ဝက်လက်မြို့နယ်၊ကျီးကန်ရွာနှင့် လှတောရွာကြားတွင် စက်သေနတ်ကြီး ၅ချက်ခန့် ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ မြင်းမူမြို့နယ်တွင်လည်း ယနေ့နံနက် ၉နာရီ ၄၀ မိနစ်ခန့်က မူးမန္တလေးရွာ၊ ကျောက်ဖျာရွာ၊ အင်းမရွာတို့ကို အကြမ်းဖက်စစ်တပ်က ရဟတ်၃စီးဖြင့် ပစ်ခတ် ဗုံးကြဲမှုများ ပြုလုပ်သွားကြောင်းနယ်ခံများကပြောသည်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် ၃ စီးဝဲပျံခဲ့ကာ ကံတော်ရွာနှင့် စပါးကျင်းရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများချသွားခဲ့သည်ဟုဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် နယ်ခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်မှုအခြေအနေမသိရသေးဟု ဒေသခံတို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။