Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကတိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့်ရမ်းပစ်၍အသက် ၈ နှစ်အရွယ်က​လေးငယ်ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်၊လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ဇူလိုင် ၂၅ရက်က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ကပစ်သောလက်နက်ကြီးကျည်ထိမှန်ကာ အသက် ၃ နှစ်အရွယ် ​​ကောင်က​လေးတစ်ဦးသေဆုံးခဲ့သည်။

(ဇူလိုင် ၂၅ရက်က သေဆုံးသော ကလေးငယ်၏ နာရေးမြင်ကွင်း။ဓါတ်ပုံ-CJ)
(ဇူလိုင် ၂၅ရက်က သေဆုံးသော ကလေးငယ်၏ နာရေးမြင်ကွင်း။ဓါတ်ပုံ-CJ)

ကွတ်ခိုင်မြို့နယ်တွင်စစ်ကောင်စီတပ်က ယ​နေ့ည​နေတွင် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့်ရမ်းပစ်၍ အသက် ၈ နှစ်အရွယ်က​လေးငယ်တစ်ဦးထပ်မံဒဏ်ရာရခဲ့သည်။

ကွတ်ခိုင်မြို့နယ်၊လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ဇူလိုင် ၂၅ရက်က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်ကပစ်သောလက်နက်ကြီးကျည်ထိမှန်ကာ အသက် ၃ နှစ်အရွယ် ​​ကောင်က​လေးတစ်ဦးသေဆုံးခဲ့သည်။

အဆိုပါ အသက် (၃)နှစ်အရွယ်ကလေးငယ်နာရေးကိုယမန်နေ့(ဇူလိုင် ၂၆ရက်)ကမှ ပြုလုပ်ပြီးစီးခဲ့သည်ဟု ဒေသခံများကပြောသည်။

ထိုအပြင်ယနေ့(ဇူလိုင် ၂၇ရက်)ညနေတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်၍အော်ခဲရွာမှအသက် (၈) နှစ်အရွယ်ကလေးတစ်ဦးထပ်မံ ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ကျောင်းဆင်းချိန်ကြီး လက်နက်ကြီးနဲ့ပစ်တာ။ ကလေးရဲ့ကျောကုန်းကို လက်နက်ကြီးစထိမှန်တာ” ဟု ယင်းဒေသခံကဆက်ပြောသည်။

ဦးဂျင်မီ၊ ဦးဇေယျာသော်၊ ဦးအောင်သူရဇော်နှင့်ဦးလှမျိုးအောင်တို့အား စစ်ကောင်စီက မတရားသဖြင့်သေဒဏ်စီရင်ခဲ့ခြင်းကို အပြင်းအထန်ရှုတ်ချကြောင်းကေအိုင်အေပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကယနေ့ထုတ်ပြန်ထား၍ ရှမ်းပြည်နယ်​မြောက်ပိုင်းတွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်ကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။