Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း ရှုတ်ချ

အကြမ်ဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုကို တရုတ်နှင့် ရုရှားတို့က သီးခြားရှုတ်ချခြင်းမပြုသော်လည်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပါဝင်ကန့်ကွက်ရှုတ်ချ ခြင်းဖြစ်သည်။

စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း ရှုတ်ချ
စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း ရှုတ်ချ

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံးက ယမန်နေ့တွင် တညီတညွတ်တည်းကန့်ကွက်ရှုတ်ချလိုက်သည်။

အကြမ်ဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုကို တရုတ်နှင့် ရုရှားတို့က သီးခြားရှုတ်ချခြင်းမပြုသော်လည်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပါဝင်ကန့်ကွက်ရှုတ်ချ ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးရပ်တန့်ရန်၊ လူ့အခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀လေးစားရန် တောင်းဆိုသည်။

ထို့အပြင် ကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံစလုံးသည် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အပြည့်အ၀ အားပေးထောက်ခံပြီး အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ နယ်မြေတည်မြဲ ရေးနှင့် ညီညွတ်ရေးတို့အပေါ် အခိုင်အမာကတိပြုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့