Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

ဇူလိုင် ၂၇ ရက်က မင်း​အောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

အာဏာသိမ်းစစ်​​ခေါင်း​ဆောင်သိမ်းယူထား​သောအင်းလျားလမ်းအမှတ်၁၄နေအိမ်၏ရှယ်ယာအားလုံးကိုယ​နေ့(ဇူလိုင် ၃၀) နေ့ခင်းတွင်ရောင်းကုန်သွားဖြစ်ကြောင်းရှယ်ယာရောင်းချပေးနေသည့်ကိုယ်စားလှယ်များက​ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်နေအိမ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကဒေါ်လာ၁၀သန်းတန်ဖိုးရှိအစုရှယ်ယာတစ်သိန်းကိုမေလ ၅ ရက်ကစတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက် နေ့လယ် ၁ နာရီကျော်တွင် ရှယ်ယာအားလုံးရောင်းထွက်သွားခြင်းဖြစ်သည်ဟုဟုအထက်ပါကိုယ်စားလှယ်များက​ပြောသည်။

အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်
အာဏာသိမ်းခေါင်းဆောင်သိမ်းယူထား​သောအင်းလျားလမ်းအိမ် ရှယ်ယာအားလုံးရောင်းကုန်

““ပြည်သူသာ အဓိက” ဆိုတဲ့ အတိုင်း ပြည်သူ့အားသာ မပါရင် နွေဦးတော်လှန်ရေးဟာ ဒီအထိ မရောက်လာနိုင်ပါဘူး။ အခုလည်း ပြည်သူရဲ့ ညီညွတ်စိတ်၊အာဏာရှင်စနစ်ကိုအဆုံးသတ်ချင်စိတ် တို့ကို ၁၄ အင်းလျားမှာ တစ်ခါ ထပ်ပြလိုက်ပါပြီ။”ဟု အဆိုပါရှယ်ယာရောင်းချနေသည့် EODအဖွဲ့ကရှယ်ယာများအကုန်​ရောင်းချပြီး​နောက်ထုတ်ပြန်သည်။

ဇူလိုင် ၂၇ ရက်က မင်း​အောင်လှိုင်အိမ်ကို ရောင်းချရာတွင် နောက်ဆုံးကျန်သည့် ရှယ်ယာ၁၂,၀၀၀ကို (တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁. ၂ သန်း) ကို “14 Inya Final Call” အဖြစ် ဇူလိုင် ၂၇ မှ ဩဂုတ် ၅ ရက်နေ့အထိ၊ ဆယ်ရက်ရောင်းချသွားမည်ဟု NUGက ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ကြေညာပြီး လေးရက်မြောက်နေ့တွင်ပင် ရှယ်ယာအားလုံးရောင်းကုန်သွားခြင်းဖြစ်သည်။

“တော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့အရေးကြီးတဲ့ဘဏ္ဍာငွေအတွက်ပါဝင်ထောက်ပို့ကြတဲ့ဝယ်ယူသူများ၊EODကိုယ်စားလှယ်များကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်”ဟုEODကထုတ်ပြန်သည်။

ဆက်လက်၍လည်း EODက”End of Dictatorship ဆိုတဲ့ နာမည်နဲ့ အညီ အာဏာရှင်နိဂုံး အဆုံးမသတ်မချင်း တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ နောက်ထပ် ပရောဂျက်များ မကြာခင် စတင်ပါမယ်။ ပြည်သူက ပူးပေါင်းပါဝင်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု အသိ​ပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

သတင်း

မေ/ People’s Spring ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်​လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါ​ခေါ်ယူပြီးလုံခြုံ​ရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။ ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ရန်စီစဉ်နေတဲ့ DSAသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက် ၊၄ရက် ၊...