Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အဘွားအို တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့၍ အသက်(၈၀)ကျော် အဘွားအိုနှစ်ဦးအပါအဝင် သုံးဦးကျည်ထိမှန်ပြီး အဘွားအို တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာ၃ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုကျေးရွာများ အနက် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၀ချက်ခန့် ကျရောက်ခဲ့သည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထိုသို့ပစ်ခတ်ချိန် နေအိမ်ထဲတွင် မပြေးနိုင်ဘဲ ကျန်ခဲ့သော အင်းပတ်ကျေးရွာနေ အသက်(၈၆) နှစ်အရွယ် ဒေါ်ဝက်အပါအဝင် အသက်(၈၅)နှစ်အရွယ် ဒေါ်ညွှန့်နှင့် အသက်(၄၀) အရွယ် ကိုစိုးနိုင်တို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသုံးဦးအား ဆေးကုသမှုပေးခဲ့သော်လည်း ဒေါ်ဝက်မှာရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“ထို သုံးဦးထဲက အသက်၈၆နှစ်အရွယ် ဒေါ်ဝက် မှာ မျက်စိတစ်ဖက်အပါအဝင် ခန္ဓာကိုယ်တော် တော်များများ ထိမှန်ခဲ့လို့ အရေးပေါ်ဆေးကုသခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ည၈နာရီခန့်က ဆုံးသွားတာပါ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ်ငါးလုံးခန့် ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလ​ည်း အင်းပတ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီး မီးရှို့ဖူးပြီး နေအိမ် ၃၁၅အိမ်အထိ မီးလောင်ပျက်စီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မီးကျည်နှစ်လုံးပြန်လည်ပစ်ခတ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။