Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ အဘွားအို တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့၍ အသက်(၈၀)ကျော် အဘွားအိုနှစ်ဦးအပါအဝင် သုံးဦးကျည်ထိမှန်ပြီး အဘွားအို တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာ၃ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုကျေးရွာများ အနက် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၀ချက်ခန့် ကျရောက်ခဲ့သည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ထိုသို့ပစ်ခတ်ချိန် နေအိမ်ထဲတွင် မပြေးနိုင်ဘဲ ကျန်ခဲ့သော အင်းပတ်ကျေးရွာနေ အသက်(၈၆) နှစ်အရွယ် ဒေါ်ဝက်အပါအဝင် အသက်(၈၅)နှစ်အရွယ် ဒေါ်ညွှန့်နှင့် အသက်(၄၀) အရွယ် ကိုစိုးနိုင်တို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသုံးဦးအား ဆေးကုသမှုပေးခဲ့သော်လည်း ဒေါ်ဝက်မှာရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(အင်းပတ်ရွာတွင်း လက်နက်ကြီးကျရောက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

“ထို သုံးဦးထဲက အသက်၈၆နှစ်အရွယ် ဒေါ်ဝက် မှာ မျက်စိတစ်ဖက်အပါအဝင် ခန္ဓာကိုယ်တော် တော်များများ ထိမှန်ခဲ့လို့ အရေးပေါ်ဆေးကုသခဲ့ပေမယ့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ည၈နာရီခန့်က ဆုံးသွားတာပါ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ်ငါးလုံးခန့် ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလ​ည်း အင်းပတ်ကျေးရွာကို ဝင်ရောက်ဖျက်ဆီး မီးရှို့ဖူးပြီး နေအိမ် ၃၁၅အိမ်အထိ မီးလောင်ပျက်စီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook