Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့် အရာတော်တွင် ပြည်သူများ မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် ဒေသတွင်းအဖွဲ့များ သတိပေး

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-Cj
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း မုံရွာနှင့် အရာတော်မြို့နယ်များတွင် ဒေသခံပြည်သူများအနေဖြင့် မလိုအပ်ဘဲ လမ်းပေါ်ထွက်ခြင်း၊ ခရီးသွားခြင်းများ မပြုလုပ်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာလိုက်သည်။

မုံရွာမြို့တွင် သြဂုတ် ၃ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အနက်ရောင် စစ်ဆင်ရေး အရှိန်တိုး​မြင့်မည်ဖြစ်ပါသဖြင့် ​အပြင်မထွက်ရန် ပြည်သူများအား မြို့ပြပြောက်ကျား ၁၄ဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ အရာတော်မြို့နယ်တွင်လည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရေးပေါ်သတိပေးထုတ်ပြန်သည်။

ဩဂုတ် ၁ ရက်က မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာကို ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီသားများသည် အရာတော်မြို့နယ် ကံရင်းကျေးရွာတွင် ရောက်ရှိတပ်စွဲလျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အရာတော် တောင်လက် တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ နိုင်သည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့‌ပေါ်တွင်လည်း အဝင်၊အထွက်များတွင် စစ်ဆေးတားဆီး ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ လုံခြုံရေးအတွက် ယခုရက်ပိုင်းအတွင်း ကျန်းမာရေးကိစ္စမှလွဲ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန်နှင့် မဖြစ်မနေ သွားလာရန်လိုအပ်ပါက ဒေသခံ တော်လှန်ရေးအဖွဲ့ အစည်းများအား အကြောင်းကြား ပြီးမှသာ သွားလာကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။