Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးများကို လက်ခံထားရှိခြင်းတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု Salingyi G-Z Local PDF သတိပေး

ခိုဝင်လာသည့် ပျူ၊ဒလန်များအနက် အချို့သည် နာမည်ထွက်ထားပြီးသူများ ဖြစ်၍ သိရှိရသော်လည်းအချို့မှာ တိတဆိတ်လှုပ်ရှားသူများဖြစ်၍ အများပြည်သူများအနေဖြင့် မသိရှိနိုင်ကြောင်း ဖော်ပြသည်။

ပျူစောထီးများကို လက်ခံထားရှိခြင်းတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု Salingyi G-Z Local PDF သတိပေး
ပျူစောထီးများကို လက်ခံထားရှိခြင်းတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု Salingyi G-Z Local PDF သတိပေး

ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ မသိရှိဘဲ လက်ခံထားရှိခြင်း ကိုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု Salingyi G-Z Local PDF က ယနေ့(သြဂုတ် ၅ရက်) တွင် ထုတ်ပြန်သည်။

ယခုအခါ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပျူ၊ဒလန်များသည် စစ်ကောင်စီကို သတင်းပေး ထောက်ခံလျှက်ရှိသော်လည်း အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းများထိုးလာပါက ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျက်ရှိ သည်ဟု ဆိုသည်။

အဆိုပါစွန့်ခွာထွက်ပြေးလာသည့် ပျူဒလန်များသည် ပတ်ဝန်းကျင်ကျေးရွာများ သို့ ခိုဝင်နေထိုင်ကြကြောင်းလည်း အသိပေးသည်။

ခိုဝင်လာသည့် ပျူ၊ဒလန်များအနက် အချို့သည် နာမည်ထွက်ထားပြီးသူများ ဖြစ်၍ သိရှိရသော်လည်းအချို့မှာ တိတဆိတ်လှုပ်ရှားသူများဖြစ်၍ အများပြည်သူများအနေဖြင့် မသိရှိနိုင်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ဘေးရှောင် ပျူ၊ဒလန်များကို မြို့နယ်(ပကဖ)နှင့် ပအဖ တို့မှ စနစ်တကျစိစစ်၍သတိပေးခြင်း၊ပြစ်မှုတွေ့ရှိပါက ဖမ်းဆီးအရေးယူမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရမည်ဟု ဆိုသည်။

သို့သော် အချို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် ပျူဒလန်များနှင့် ဆွေမျိုးတော်စပ်မှု၊ပုဂ္ဂိုလ်ရေးခင်မင်မှုကို အခြေခံကာ ခေါ်ဝှက်ခေါ်ဆောင်ကာ မိမိသဘောအတိုင်းလုပ်ဆောင် နေသည်ကို စိစစ်တွေ့ရှိရသည်ဟု အသိပေး သည်။

“အောင်ပွဲပန်းတိုင်ကိုချီတက်ရာမှာဘယ်လိုအကြောင်းကြောင့်နဲ့မှ အနှောက် အယှက် အဖျက်အဆီး မခံနိုင်ပါ။ပြည်သူပင်ဖြစ်ပါစေ၊ပြည်သူလိုမရပ်တည်ဘဲစကစထောက်ခံ ပျူ၊ဒလန်လုပ်နေပါက ပြည်သူ့အစိုးရ၏ပြစ်ဒါဏ်ပေးမှုကိုခံကြရမည်ဖြစ်ပါသည်”ဟု Sallingyi G-Z Local PDF က ပြောသည်။

ပျူ၊ဒလန်များသည်မိမိတို့၏ ကျေးရွာတည်ငြိမ်အေး ချမ်းမှုကိုဖျက်ဆီးသော အဖွဲ့အစည်း ဖြစ်ပါသောကြောင့် ပြည်သူများသတိဖြင့် နေထိုင်ရန်လည်း တိုက်တွန်းသည်။

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဆားလင်းကြီးမြို့ နယ်အတွင်းရှိ တောကျောင်း၊ကျောက်မှော်၊ပိုင်း တောင်ကြီး၊ရွှေထောက်၊ရေခါးနှင့်ရေမိန်တောင် ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူ ခုနစ်ဦးကို သတ်ဖြတ်၍ ကျေးရွာများကို မီးရှို့ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအချို့မှာ ပြည်သူဟုလိမ်လည်၍ ပတ်ဝန်းကျင် ကျေးရွာများသို့ ခိုဝင်နေထိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)ကလည်း ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့