Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းပေါ်တွင် မိုင်းမတော်တဆမှုကြောင့် တော်လှန်ရေးရဲဘော်၅ဦး ကျဆုံး

သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဝက်လက်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-CJ)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် ဝက်လက်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးရဲဘော်၅ဦး မိုင်းမတော်တဆမှုကြောင့် အသက်ဆုံးရှူံးခဲ့ရကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ်၄)မွန်းလွဲပိုင်းက ရွှေဘို-မန္တလေးလမ်းပေါ်၊ဝက်လက်မြို့နယ်၊ ဧကုန်းကျေးရွာနှင့်မောက်ကြိုးကျေးရွာကြားတွင် မိုင်းပေါက်ကွဲ၍ PDF တပ်ဖွဲ့ဝင်၅ ဦးကျဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကားလမ်းမပေါ်မိုင်းထောင်ရန် မိုင်းအသက်သွင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် အသက် ၁၉နှစ်၊ ၂၈နှစ်၊ ၃၂ နှစ်၊ ၄၅နှစ်၊ ၄၈ နှစ်အရွယ် အမျိုုးသား၅ဦး ကျဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထိုရဲဘော်၅ဦးသည် မည်သည့်အဖွဲ့က ဖြစ်သည်ကို မသိရသေးဘဲ ဒေသတွင်းအဖွဲ့များဘက်လည်း တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။