Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများရှိနေပြီး ကျူးလွန်သူများအား အရေးယူသွားမည်ဟု PDF-Saw သတိပေး

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

(​ဆောမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-CJ)
(​ဆောမြို့တစ်​နေရာ ။ ။ဓါတ်ပုံ-CJ)

ဆောမြို့ပေါ်၌ ယခုရက်ပိုင်းများတွင် ဖောက်ထွင်းခိုးယူမှုများရှိနေပြီး ကျူးလွန်နေသူများ၏ အချက်အလက်အပြည့်အစုံကို စုံစမ်းလျှက်ရှိကာ ထပ်မံကျူးလွန်နေပါက အရေးယူသွားမည်ဟုPDF-Saw ကယနေ့(သြဂုတ် ၅)တွင်သတိပေးချက်ထုတ်ပြန်လိုက်သည်။

“နေ့လည်နေ့ခင်းအချိန် ပြောင်ပြောင်တင်းတင်း ခိုးယူနေ​ကြတဲ့ တောကြောင်တွေအကြောင်း တိကျတဲ့ Data အချက်အလက်တွေကို စုဆောင်းနေပါတယ်”ဟု ဆို သည်။

လက်ရှိကာလတွင် လူငယ်အများစုက တော်လှန်ရေးအတွက် အိမ်နှင့်ဝေးရာတွင် အသက်ကိုစတေးပြီး တော်လှန်နေချိန် တစ်လုံးချိုင့် အခွင့်အရေးသမားတချို့က ပြည်သူပိုင်ပစ္စည်းများ၊ ပြည်သူများ၏ဆိုင်များကိုဖောက်ထွင်းခိုးယူနေကြသည်မှာ ဆောမြို့အနေ​ဖြင့်ရုပ်ဆိုးအကျည်းတန်လှကြောင်း ထောက်ပြသည်။

ထို့ကြောင့် မြို့ပေါ်နေ ပြည်သူများမှ PDF များထံ တိကျသေချာသည့် သတင်းအချက်အလက်များပေးပြီး ကူညီပေးကြရန် PDF-Saw က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ငါတို့ PDF တွေအနေနဲ့ အကြမ်းဖက်စကစသူပုန်ကို တိုက်ခိုက်တော်လှန်ရင်း မြို့အတွက် ပြည်သူတွေကို စိတ်မလုံမခြုံဖြစ်စေတဲ့ တောကြောင်တွေကို အရေးယူသွားမယ်ဆိုတာ ကတိပေးပါတယ်”ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူမှုများကျူးလွန်နေသော တောကြောင်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ဆန်းစစ်ကြရန်လိုအပ်ပြီး လူငယ်များ အိမ်နှင့်ဝေးရာတွင်တော်လှန်နေချိန် ကိုယ့်မြို့ကို ကာကွယ်ရမည့်အစား ပြည်သူကို မလုံမခြုံဖြစ်အောင် ဒုက္ခပေးနေခြင်းအား ရပ်တန်းကရပ်ရန် သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ