Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် အင်မထီးရွာ ပျူစခန်းမှထွက်လာသည့် စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ရာ အနည်းဆုံးငါးဦး​သေဟုမြန်မာ့တော်ဝင်နဂါးတပ်တော် ပြော

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။

ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလဲ PDF
ဗိုလ်နဂါးဦးဆောင်သော တပ်ဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ပုလဲ PDF

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးကျေးရွာ ပျူစောထီးစခန်းမှ ထွက်လာ သည့် စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ရာ အနည်းဆုံးငါးဦးထိခိုက် သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ယနေ့(သြဂုတ် ၅ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ သြဂုတ် ၄ရက် နံနက် ၇နာရီခွဲခန့်က အင်မထီးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် မင်းတိုင်ပင် ကျေးရွာသို့ ပြည်သူပိုင်အိုး အိမ်များမှ ရိက္ခာများလုယူရန် ထွက်လာခဲ့သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါ အဖွဲ့ကို ပုလဲမြို့နယ် သာယာကုန်းကျေးရွာအနီးတွင် (MRDA)မှ အသင့်စီမံထားသော မိုင်းများဖြင့်ဖြတ်တောက်ခဲ့ရာ စစ်ကောင်စီ နှင့်ပျူစောထီး အနည်းဆုံးငါးဦးထိခိုက်သေဆုံးကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ခိုက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)မှ ရဲဘော်များ အထိခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိုလ်နဂါးဦးဆောင်သည့် MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ ဆားလင်းကြီး၊ကနီ ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

ဇူလိုင် ၂၉ ရက်ကလည်း ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝမ်ပေါင်ရဲကင်းရုံးကို ဒေသခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။