Connect with us

Hi, what are you looking for?

သတင်း

တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်၊ ရာအိမ်မှူးတစ်ဦးသေ

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်တွင်ငြိမ်းချမ်းစွာဆန္ဒပြသောလူငယ်အချို့အားဖမ်းဆီးခဲ့စဥ်(ပုံဟောင်း)။ ။ဓါတ်ပုံ-CJ
တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်တွင်ငြိမ်းချမ်းစွာဆန္ဒပြသောလူငယ်အချို့အားဖမ်းဆီးခဲ့စဥ်(ပုံဟောင်း)။ ။ဓါတ်ပုံ-CJ

ရန်ကုန် တာမွေမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား ဧည့်စာရင်းတိုင်မည်ဟုအကြောင်းပြပြီး ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က ယနေ့ (သြဂုတ် ၈)တွင်ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့နှင့် City – Dawna PDF မှရဲဘော်များပူးပေါင်းကာ ဧည့်စာရင်းတိုင်ကြားမည်ဟုအကြောင်းပြပြီး ရုံးတွင်းဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုတွင်မလွှကုန်းလမ်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသောရာအိမ်မှူး ဦးကျော်မင်းဟန်ဆိုသူကိုသေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ကျောင်း​မြောင်းကြီးရပ်ကွက်က ၂၀၂၁ တွင် အာဏာသိမ်းစစ်​ကောင်စီအုပ်ချုပ်​ရေးယန္တယားကို သပိတ်​မှောက်ခဲ့စဥ်
ကျောင်း​မြောင်းကြီးရပ်ကွက်က ၂၀၂၁ တွင် အာဏာသိမ်းစစ်​ကောင်စီအုပ်ချုပ်​ရေးယန္တယားကို သပိတ်​မှောက်ခဲ့စဥ်

စစ်​ကောင်စီခန့်ရာအိမ်မှူး ဦး​ကျော်မင်းဟန်သည်အသက် ၆၀ ကျော်အရွယ်ရှိ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ရခ ကားတွေရောက်တော့မှ သိတာ။အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ ပစ်ခံရပြီး သေသွားတယ်”ဟု မလွှကုန်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။

ထိုသို့ ဧည့်စာရင်းတိုင်ကြားချိန်တွင် တွေ့ရှိရသော မင်းအောင်လှိုင်၏ သစ္စာတော်ခံများကို (၈၈)အရေးတော်ပုံတွင် ပြည်သူများ မည်သို့ခံစားခဲ့ရကြောင်း အနည်းငယ်မျှနားလည်အောင်သွန်သင်ဆုံးမပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ကျနော်တို့ တိုက်ပွဲက အဆုံးမရောက်သေးဘူး။ တက်မထောင်ကြပါနဲ့အုံး။ ဇွဲမလျှော့လိုက်ကြပါနဲ့လို့ ပြည်သူတွေကို တောင်းဆိုချင်တာပါခင်ဗျာ။ အတူတူ အဆုံးထိ သွားကြရအောင်ပါ”ဟု ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

လက်ရှိအခြေအနေတွင် စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်အားလုံး ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ဂိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က အသိပေးထားသည်။

ယနေ့ နံနက်ပိုင်းကလည်း အကြမ်းဖက်စစ် ကာင်စီယာဥ်တန်းကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

လက်ရှိစစ်ဆင်​ရေးများမှာပထမလှိုင်းဖြစ်ပြီးမကြာခင်ဒုတိယလှိုင်း(Eagle Wave)သို့ကူး​ပြောင်းရန်အချိန်​ရောက်လာ​တော့မည်ဟုတာ ဝန်ရှိသူ​ပြောသည်။

ပထမလှိုင်း Rosey Waveတွင် တိုက်ခိုက်မှုအစိတ်အပိုင်းအနေဖြင့် Justice Lady Mission ခေါင်းစဥ်ဖြင့် စစ်ကောင်စီ၏ တရားရုံးများ၊ ထောက်တိုင်းများ ပါဝင်သည်။

အလားတူ ကျန်လှိုင်းနှစ်ခုမှာ Eagle Wave နှင့် Dragon Wave တို့ဖြစ်ပြီး People Wave ခေါ် လူထုလှိုင်းတွင် စစ်ဆင်ရေးများ ယခုထက်ပိုမိုကြမ်းလာမည်ဖြစ်ပြီး ဖောက်ခွဲမှုများအပြင်ပစ်ခတ်တိုက်ခိုက်မှုများပါဝင်လာမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းတပ်မဟာက ကြေညာ သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook