Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကမူးကမ်းကြီးရွာတွင်အသံချဲ့စက်ဖြင့်ဆဲဆိုစိန်​ခေါ်၍ ရွာကိုမီးရှို့​နေ၊​ဒေသခံများထွက်​ပြေး​နေရ

စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

(မူးကမ်းကြီးရွာမီး​လောင်​နေသည်ကို အ​ဝေးမှမြင်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(မူးကမ်းကြီးရွာမီး​လောင်​နေသည်ကို အ​ဝေးမှမြင်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်က အသံချဲ့စက်ဖွင့်၍အော်ဟစ်ဆဲဆို၍စိန်ခေါ်ကာအကြမ်းဖက်မီးရှို့နေ​သော​ကြောင့်ဒေသခံများ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များကပြောသည်။

မူးကမ်းကြီး ရွာကို ယနေ့(သြဂုတ် ၉ရက်)နေ့လည်မှစ၍ စစ်ကောင်စီတပ်ကဝင်​ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

“ဘုန်းကြီးကျောင်းကို မီးရှို့ပြီး ကျောင်းက လူမှုရေးကားကိုယူသွားတယ်။ အဲ့ကားက အသံချဲ့စက်နဲ့ လိုက်အော်ပြီး မီးရှို့နေတာ။ မင်းတို့ရွာကို ရွာလုံးကျွတ်ရှို့မယ်ဆိုပြီးဆဲဆိုစိန်ခေါ်နေတယ်” ဟုဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အခု သစ်ပင်ကြို သစ်ပင်ကြားထဲမှာ နေနေရတာ။ တဲတောင်မထိုးနိုင်ဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ယနေ့(သြဂုတ်လ ၉ရက်)ညနေ ၆နာရီခန့်အခြေအနေကိုပြောသည်။

မူးကမ်းကြီးရွာမှ နေအိမ်များအား စစ်ကောင်စီတပ်ကမီးရှို့ရာတွင် တိုက်အိမ်များကို ယမ်းများသုံး၍ ဖောက်ခွဲခြင်း၊မီးစွဲလောင်အားကောင်းသည့် ဓာတုဆေးများဖြန်းခြင်းဖြင့်လည်း​လောင်း၍ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

မူးကမ်းကြီးရွာသည်အိမ်ခြေလေးထောင်ကျော်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ဇူလိုင်လက တစ်ကြိမ် မီးရှို့ရာနေအိမ် ၁၇၈လုံးမီးလောင်ပျက်ဆီးခဲ့သည်။

“ဒီနေ့ တိုက်ပွဲမဖြစ်ဘဲ တမင်သက်သက် မီးလာရှို့တာ။ ခွေးလောက်တောင်အဆင့်မရှိတဲ့စစ်တပ်” ဟု​ဒေသခံတစ်ဦးက လည်းပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook