Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ကျေးရွာချင်းဆက်တံတား ကို ပြုပြင်ပေး

“တိုက်ပွဲမဖြစ်ချိန်မှာ ဒေသဖွဲ့ဖြိုးရေးကို ကျွန်တော်တို့ လုပ်နေကြတာ။ ဒီလိုပဲ အလျဥ်းသင့်သလို အမြဲလုပ်နေမှာပါ”ဟု The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu) )
(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu) )

စစ်ကောင်စီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိချိန်တွင် ဆောမြို့နယ်မှ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များက ဒေသတွင်း ကျေးရွာချင်းဆက်တံတားကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။

ဆောမြို့နယ်အတွင်း အသုံးပြုသူများသည့် ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ယနေ့(သြဂုတ် ၉ရက်)တွင် ပြင်ဆင်ပေးခဲ့ကြခြင်း ဖြစ်သည်။

(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu) )
(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ – The Youth Force (Saw&Kyaukhtu) )

“တိုက်ပွဲမဖြစ်ချိန်မှာ ဒေသဖွဲ့ဖြိုးရေးကို ကျွန်တော်တို့ လုပ်နေကြတာ။ ဒီလိုပဲ အလျဥ်းသင့်သလို အမြဲလုပ်နေမှာပါ”ဟု The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆောမြို့အပါအဝင် ယောဒေသသည် စစ်အာအာဏာရှင် တော်လှန်ရေးတွင် စနစ်တကျရှိပြီး စစ်ကောင်စီအား အရှိန်မြှင့်တိုက်ခိုက်နေသည်။ တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေကြသည်။

Public Service Announcement

Public Service Announcement

(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu) )
(ကျေးရွာချင်းဆက် တံတားတစ်ခုကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်ရဲဘော်များက ပြုလုပ်ပေးနေစဥ်၊ ဓာတ်ပုံ – The Youth Force (Saw&Kyaukhtu) )

စစ်ကောင်စီတပ်က အုပ်ချုပ်၍မရအောင် တော်လှန်ရေးအားကောင်းနေသည့် ယောဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ အကောင် အထည်ဖော်နေကြောင်း ထီးလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF – Htilin)က သြဂုတ် ၅ရက်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းထုတ်​ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ