Connect with us

Hi, what are you looking for?

သတင်း

NUG၊ NUCCတို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB

အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ပြိုင်ဘက်များဖြစ်သည့် NUG၊ NUCC တို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောသည်။

မလေးရှားသည် တုန့်နှေးနေသည့်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရှင်းလင်းပြတ်သားသည့်အဆုံးသတ်အဖြေကို လိုလားနေပြီး အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်သူလူထုထောက်ခံမှုရရှိထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နှင့် တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းခြင်းဖြစ်သည်။

“အခုဟာက တဖက်သတ်ပဲ။ ကျွန်တော်တို့ဟာ စစ်ကောင်စီနဲ့ပဲဆွေးနွေးညှိနှိုင်းနေတယ်။ ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ NUG ၊ NUCC တို့နဲ့ဆွေးနွေးထိတွေ့ဖို့ မလေးရှားက ကြိမ်ဖန်များစွာအဆိုပြုနေတာဖြစ်ပါတယ်။ အဲဒါမှ မြန်မာပြည်သူတွေအတွက် တိုးတက် မှုတွေကို လူသိရှင်ကြားလုပ်ဆောင်နိုင်မှာပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

အာဆီယံနိုင်ငံများအနက် မလေးရှားတစ်နိုင်ငံသာ NUG နှင့် လူသိရှင်ကြားထိတွေ့ဆက်ဆံပြီး စစ်တပ်၏ အကြမ်းဖက်မှုများ၊ ကတိမတည်မှုများကို တက်ကြွစွာပြောဆိုနေသည်။ NUG ကမူ တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသည့်တိုင် မလေးရှားသာမက အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့်လည်း ထိတွေ့ဆက်ဆံမှုရှိသည်ဟု ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကိုးကား – channelnewsasia ၊ Bernama

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ