Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ကျကျန်ခဲ့သည့် ပြည်သူ့လက်ဝတ်ရတနာ ပြည်သူ့ထံ ပြန်အပ်မည်

အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဓါတ်ပုံ-အရာတော် ပ.က.ဖ
ဓါတ်ပုံ-အရာတော် ပ.က.ဖ

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးစဥ် ပြည်သူ့ထံမှ သိမ်းဆည်းသွားပြီးနောက် ကျကျန်ခဲ့သည့် လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည် အပ်နှံမည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာသည်။

အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

၎င်းတို့ ဆုတ်ခွာသွားသည့်လမ်းအား အရာတော်မြို့နယ်တော်လှန်ရေးတပ်‌ပေါင်းစု ရဲဘော်များက နယ်မြေရှင်းလင်းလုံခြုံရေးလုပ်စဥ် လက်ဝတ်ရတနာပစ္စည်းတစ်ခုကို တွေ့ရှိ၍ အခြား တွေ့ရှိသော ပစ္စည်းများနှင့်အတူ မှတ်တမ်းတင်သိမ်းဆည်းထားကြောင်း အရာတော် ပ.က.ဖ အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်သားများ ခိုးယူလာခဲ့သော ၎င်း လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည်အပ်နှံလို၍ ပိုင်ဆိုင်ခဲ့သော အထောက်အထားပြနိုင်ပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook စာမျက်နှာနှင့် အရာတော် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများသို့ ဆက်သွယ်ပေးပါရန် အရာတော် ပ.က.ဖ အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ကအထိ အရာတော်နှင့်ဒီပဲယင်းနယ်စပ်ကျေးရွာများကို စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပြုလုပ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

သတင်း

စီမံကိန်းအတွက် ​ငွေ​ကြေးများကိုတရုတ်ဘက်မှစိုက်ထုတ်မည်ဖြစ်ပြီး ထွက်ရှိ​သော ဓာတ်အားများ၏ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံက ရယူမည်ဖြစ်သည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။