Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်မြို့သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ လေးဦးသေ၊ နှစ်ဦးဒဏ်ရာရဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ပြော

“ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်”ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People’s Springသို့ ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မွန်ပြည်နယ် ရေးမြို့မှ သံဖြူဇရပ်မြို့သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်း ကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး နှစ်ဦးအပြင်း အထန် ဒဏ်ရာရရှိကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ (သြဂုတ် ၁၂ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၁ ရက်) နေ့လည် ၂ နာရီ ၁၇မိနစ်က မော်တော်ယာဥ် ခြောက်စီးပါစစ်ကောင် စီယာဥ်တန်းကို ပိန္ဒဲတော ရွာနှင့် ရွာသာအေးကျေးရွာ ကြားတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်သားများသေဆုံး ထိခိုက်မှုကို People’s Springမှ သီးခြားအတည်ပြုမရ သေးပေ။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်”ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People’s Springသို့ ပြောသည်။

သြဂုတ် ၄ ရက်ကလည်း သံဖြူဇရပ်မှ ရေးမြိုသို့လာသည့် စစ်ကောင်စီယာဉ် သုံးစီးကို အောင်သာယာရွာနှင့် ကနင်ကမော့ရွာကြားတွင် ကြားဖြတ်တိုက်ခိုက် မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်သားခြောက်ဦးထက်မနည်း သေဆုံးကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook