Connect with us

Hi, what are you looking for?

News

မန္တ​လေးတိုင်းတွင်မိနစ် ၃၀ အတွင်း စစ်​ကောင်စီခန့် အုပ်ကြီး နှစ်ဦး အသတ်ခံရ

န္တလေးနှင့်တောင်သာမြို့နှစ်မြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးကို ယနေ့သြဂုတ်လ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

မန္တလေးတိုင်း၌ မိနစ်သုံးဆယ်အတွင်း အာဏာသိမ်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း နယ်ခံများက ပြောသည်။

မန္တလေးနှင့်တောင်သာမြို့နှစ်မြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးကို ယနေ့သြဂုတ်လ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှု​လျော့ကျ​လာမှ အာဏာသိမ်းစစ်​ကောင်စီက ကိုဗစ်အ​ကြောင်းပြ ၍ ပြည်သူများအပြင်ထွက်သွားလာမှုကိုတင်းကျပ်​နေ​သော မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းကို ၎င်းရုံးရှိရာ ၇၂လမ်း နှင့် ၇၃ လမ်းကြား၊ ၂၈လမ်းနှင့် ၂၉ လမ်းကြား၌ နံနက် ၁၁ နာရီဝန်းကျင်က လူနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မန္တလေးက အုပ်ချုပ်ရေးမှူး သေဆုံးပြီး နာရီဝက်ခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကန်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း နယ်ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ညောင်ကန်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအား MGM TIGER အဖွဲ့ နှင့် နှလုံးလှလူမိုက်ကြီးများ အဖွဲ့ ပူးပေါင်း၍ ဦးခေါင်း နှစ်ချက် ရင်ဘက် တစ် ချက်ပစ်၍ ဆုံးမခဲ့သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ယခင်ရက်ပိုင်းအတွင်းကလည်း မြင်းခြံနှင့်မြောင်မြို့နယ်ရှိ အုပ်ချုပ်ရေးမှုးအချို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook