မန္တလေးတိုင်း၌ မိနစ်သုံးဆယ်အတွင်း အာဏာသိမ်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း နယ်ခံများက ပြောသည်။
မန္တလေးနှင့်တောင်သာမြို့နှစ်မြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦးကို ယနေ့သြဂုတ်လ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုလျော့ကျလာမှ အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်အကြောင်းပြ ၍ ပြည်သူများအပြင်ထွက်သွားလာမှုကိုတင်းကျပ်နေသော မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းကို ၎င်းရုံးရှိရာ ၇၂လမ်း နှင့် ၇၃ လမ်းကြား၊ ၂၈လမ်းနှင့် ၂၉ လမ်းကြား၌ နံနက် ၁၁ နာရီဝန်းကျင်က လူနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မန္တလေးက အုပ်ချုပ်ရေးမှူး သေဆုံးပြီး နာရီဝက်ခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကန်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း နယ်ခံများက ပြောသည်။
ညောင်ကန်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအား MGM TIGER အဖွဲ့ နှင့် နှလုံးလှလူမိုက်ကြီးများ အဖွဲ့ ပူးပေါင်း၍ ဦးခေါင်း နှစ်ချက် ရင်ဘက် တစ် ချက်ပစ်၍ ဆုံးမခဲ့သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
ယခင်ရက်ပိုင်းအတွင်းကလည်း မြင်းခြံနှင့်မြောင်မြို့နယ်ရှိ အုပ်ချုပ်ရေးမှုးအချို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
