Connect with us

Hi, what are you looking for?

သတင်း

ပျူခေါင်းဆောင်နေအိမ်တွင်တပ်စွဲထားသောစစ်တပ်ကိုဒရုန်းဖြင့် ဗုံးကြဲ၊ အိမ်ထဲမှထွက်ပြေးလာသူများကို စောင့်ကြိုပစ်ခတ်ရာ ခုနစ်ဦးသေဟုတန့်ဆည်ပကဖ ​ပြော

အင်္ကုက္ကားရွာ အရှေ့မြောက်ဖက် ပျူခေါင်းဆောင်နေအိမ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံမှ သိမ်းယူရရှိသော လက်နက်ခဲယမ်းအချို့(ပုံဟောင်း) ဓါတ်ပုံ-တန့်ဆည်ပကဖ)
(စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံမှ သိမ်းယူရရှိသော လက်နက်ခဲယမ်းအချို့(ပုံဟောင်း) ဓါတ်ပုံ-တန့်ဆည်ပကဖ)

တန့်ဆည်နယ်ပျူစောထီးခေါင်းဆောင်တစ်ဦး၏နေအိမ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်အပြင်ဘက်ထွက်လာသူများကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးသွားကြောင်း တန့်ဆည်(ပကဖ)ကယနေ့(သြဂုတ် ၁၄)ထုတ်ပြန်သည်။

အင်္ကုက္ကားရွာ အရှေ့မြောက်ဖက် ပျူခေါင်းဆောင်နေအိမ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဗုံးသီးကြဲချတိုက်ခိုက်ခံရခြင်းကြောင့်အပြင်သို့ပြေးထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူများကို တန့်ဆည်(ပကဖ)နှင့် ရွှေဘိုခရိုင် တပ်ရင်း (၆)၊ PKP တပ် ဖွဲ့စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ ခုနစ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

အထက်ပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးထိ၍ ရွှေဘိုခရိုင် တပ်ရင်း (၆)မှ ရဲဘော်သုံးဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းလည်းအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား တိုက်ခိုက်လျှက်ရှိရာ သြဂုတ် ၃ ရက်နှင့် ၈ ရက်နေ့များ၌ ဗျက်ကြီးရွာအနီးနှင့် ချောင်းဆုံရွာများတွင် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ စစ်သားနှင့်ပျူ ၁၈ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်း ဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။