Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိဟု KNDF ထုတ်ပြန်

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(ဇူလိုင်လအတွင်း ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KNDF တပ်ရင်း -၅မှ ရဲဘော်တစ်ဦး ၊ဓာတ်ပုံ - KNDF)
(ဇူလိုင်လအတွင်း ရှေ့တန်းတစ်နေရာတွင်တွေ့ရသော KNDF တပ်ရင်း -၅မှ ရဲဘော်တစ်ဦး ၊ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အိုးခူးရီနှင့် သေးဆူလဲကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တပ်ရင်း -၅က ယနေ့(သြဂုတ်၁၆) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၅ ရက်) နေ့လည် ၂ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့ နယ်အနောက်ခြမ်း အိုးခူးရီ(ခ) ခေါက်ပလော့ရှိ စစ်ကောင်စီတပ်ကို စနိုက်ပါဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် ယမန်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် သေးဆူလဲရွာရှိ စစ်ကောင်စီတပ်ကို လက် နက်ကြီး (၅၀) မမဖြင့် သုံးကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးနိုင်သော်လည်း သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးပေ။

အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း KNDF တပ်ရင်း – ၅က ဆိုသည်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး ၎င်းတို့ ခြေကုပ်ယူ ထားသော ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေး ဆူလဲကျေးရွာ တို့အပြင် စံပြ (၆)မိုင် အနီးတစ် ဝိုက်တွင်ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။