Connect with us

Hi, what are you looking for?

သတင်း

ရုရှားဆီကနေ စက်သုံးဆီဝယ်ယူတင်သွင်းဖို့ စစ်ကောင်စီ ကော်မတီ ဖွဲ့

အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို စစ်တပ်ပိုင် ဦးပိုင်လိမိတက်ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ကောင်စီခေါင်းဆောင်က တာဝန်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ တန်းစီနေကြတဲ့ပြည်သူတွေကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ တန်းစီနေကြတဲ့ပြည်သူတွေကိုတွေ့ရစဉ်

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေချိန်မှာ ရုရှားဆီကနေ စက်သုံးဆီဝယ်ယူတင်သွင်းဖို့ ကော်မတီတစ်ရပ်ကို သြဂုတ်လ ၁ ရက် ရက်စွဲနဲ့ စစ်ကောင်စီကဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ နေရာကို စစ်တပ်ပိုင် ဦးပိုင်လိမိတက်ရဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ကောင်စီခေါင်းဆောင်က တာဝန်ပေးထားပါတယ်။

ရုရှာဆီကနေ စက်သုံးဆီဝယ်ယူတင်သွင်းရေးကော်မတီမှာ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ၊စီးကူးဝန်ကြီးဌာနက သူတွေပါဝင်သလို စစ်တပ်စီးပွားရေး ဦးပိုင်လက်အောက်ခံ Star High ကုမ္ပဏီ ၊KBZ ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းပိုင်ဆိုင်တဲ့ Brighter Energy ၊ Best Oil နဲ့ Yangon Energy ကုမ္ပဏီတို့ ကိုပါ ထည့်သွင်းဖွဲ့စည်းထားတာတွေ့ရပါတယ်။

စစ်ကောင်စီဘက်က နိုင်ငံထဲကို စက်သုံးဆီသင်္ဘောတွေ ဝင်ရောက်ဖို့ရှိနေပြီး စက်သုံးဆီပြတ်လပ်မှုမရှိဘူး လို့ ငြင်းဆိုနေပေမယ့် မန္တလေးအပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။