Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီပြတ်လပ်မှု လုပ်ငန်းရှင်များအ​ပေါ်စစ်​ကောင်စီအပြစ်ပုံချ

စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။

မန္တ​လေးတွင် ဆီဝယ်ရန် တိုး​ဝှေ့တန်းစီ​နေကြ​သောပြည်သူများကို သြဂုတ် ဒုတိယပါတ်က​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ
မန္တ​လေးတွင် ဆီဝယ်ရန် တိုး​ဝှေ့တန်းစီ​နေကြ​သောပြည်သူများကို သြဂုတ် ဒုတိယပါတ်က​တွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ

ရန်ကုန်မြို့တွင်း စက်သုံးဆီပြတ်လပ်နေခြင်းကို သတင်းမှားသာဖြစ်ပြီး အရောင်းပိတ်ထားသည့် ဆိုင်များကို အရေးယူသွားမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီက ယ​နေ့ ထုတ်ပြန်သည်။

ရန်ကုန်တိုင်းစစ်ကောင်စီက ၎င်းတို့လက်အောက်ခံရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီထံသို့ ဩဂုတ် ၁၃ရက်က ညွန့်ကြားသည့်စာတွင်ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီက စက်သုံးဆီဆိုင်လုပ်ငန်းရှင်များသည် ဈေးနှုန်းများပြောင်းလဲလာမည်ဟူသော မျှော်လင့်ချက်ဖြင့် စက်သုံးဆီ ပြတ်လပ်သည် သို့မဟုတ် လက်ကျန်နည်းနေသည်ဟုအကြောင်းပြကာအရောင်းရပ်ထားခြင်းနှင့်အကန့်အသတ်ဖြင့်ရောင်းချခြင်းများပြုလုပ်​နေသည်ဟု စွပ်စွဲထားသည်။

ဆီ​ရောင်းရန်ကုန်၍ အ​ရောင်းခတ္တရပ်ထား​သောဆီဆိုင်တစ်ဆိုင်
ဆီ​ရောင်းရန်ကုန်၍ အ​ရောင်းခတ္တရပ်ထား​သောဆီဆိုင်တစ်ဆိုင်

စက်သုံးဆီပြတ်လပ်နေသည်ဆို​သော သတင်းမှာလည်းသတင်းမှားဖြစ်သည်ဟုစစ်ကောင်စီကဆိုသည်။ စက်သုံးဆီဆိုင်များ ရောင်းချမှုရပ်နားထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများကို ကြီးကြပ်စစ်ဆေး၍ အရေးယူသွားရမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီကဖိအား​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။

ဆီသို့လှောင်ထားသည့် ပမာဏနှင့် နေ့စဉ်ရောင်းချမှုများကိုလည်း နေ့စဉ် စာရင်းပြုစုပေးရမည်ဟုဖိအား​ပေးထားပြီး စက်သုံးဆီ​ဈေးကွက်ကို စစ်​ကောင်စီကပိုမိုထိန်းချုပ်ရန်ကြိုးစား​နေသည်။

အမှန်တွင် စက်သုံးဆီ​ပြတ်လပ်​နေခြင်းမှာ စစ်​ကောင်စီကဆီသွင်းရန် ​ဒေါ်လာများမ​ရောင်း​ပေး​တော့သဖြင့် လုပ်ငန်းရှင်များက ပြင်ပ​ပေါက်​ဈေးဖြင့် ​ဆီသွင်း၍​ရောင်းချလျှင် ​ဒေါ်လာ​ဈေးဆက်တိုက်​တက်​နေသဖြင့် ဆီသွင်းပြီး​ရောင်းလျှင်အရှုံး​ပေါ်သဖြင့် ဆီသွင်းမှု ​ရောင်းချမှုရပ်ကြသဖြင့်ပြတ်လပ်​နေခြင်းဖြစ်သည်။ စစ်​ကောင်စီက ​ဒေါ်လာ​ဈေးကို ၂၁၀၀ သတ်မှတ်​သော်လည်း သြဂုတ် ၁၅ တွင် ​ဒေါ်လာ​ဈေးမှာ ၃၀၀၀ ​ကျပ်​ဈေးရှိ​နေသည်။

စစ်​ကောင်စီ၏ စက်သုံးဆီဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်ထား​သောစာ
စစ်​ကောင်စီ၏ စက်သုံးဆီဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်ထား​သောစာ

“ဈေးကွက်သဘောအရ အကျိုးအမြတ်မရှိရင် ဘယ်သူမှ စီးပွားရေးမလုပ်ဘူးဆိုတဲ့ သဘောကို စစ်ကောင်စီဘက်က အခုထိ နားမလည်သေးတာလိုမြင်တယ်။ အခုက စစ်ကောင်

စီခေါင်းဆောင်းတွေက မြေပြင်ဖြစ်နေတာကို နားမလည်တာလား၊ မသိချင်ဟန်ဆောင်နေတာလား မေးခွန်းထုတ်ရတော့မယ်”ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးများမှာ ဆက်လက်မြင့်တက်နေပြီး စက်သုံးဆီတစ်လီကို တပတ်အတွင်း ကျပ် ၇၀၀ကျော်မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့တွင် ယ​နေ့(သြဂုတ် ၁၅ ရက်) အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၃၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၇၃၀ကျပ် နှင့် ပရီမီယံတစ်လီတာလျှင် ၂၆၅၅ကျပ်ဈေး​ပေါက်သည်။ ထိုဈေးနှုန်းများသည် ရန်ကုန်မြို့တွင်ပေါက်ဈေးများဖြစ်ပြီး ရန်ကုန်ပြင်ပ အခြားမြို့များတွင် ထိုဈေးထက် အနည်းဆုံးနှစ်ဆကျော်ရှိနေသည်။

မန္တလေး၊ မြစ်ကြီးနား၊ မူဆယ်အပါအဝင်မြို့ကြီးအများစုတွင်လည်း စက်သုံးဆီပြတ်လပ်​နေသည်။ ရန်ကုန်မြို့တွင် စက်သုံးဆီများကိုအချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရပြီး လိုသလောက်ဝယ်ယူ၍မရကြောင်း မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။