Connect with us

Hi, what are you looking for?

သတင်း

ကုလအထူးကိုယ်စားလှယ်၏ခရီးစဉ် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရေးကို ဦးတည်ရမည်ဟု NUG ထုတ်ပြန်

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကြေညာသည့်နေ့တွင်ပင် တရားမ၀င် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထပ်တိုးထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။

(မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအား တွေ့ရစဥ်)
(မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအား တွေ့ရစဥ်)

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရေးကို ဦးတည်ရမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ မြန်မာနိုင်ငံခရီးစဉ်စတင်သည့်နေ့ တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထောက်ပံ့ ကူညီမှုများကို လက်နက်သဖွယ် အသုံးချနေခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့အား အဆုံးသတ်ရန် အထူး ကိုယ်စားလှယ် ဆောင်ရွက်ရမည်ဟု တိုက်တွန်းထားသည်။

ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည့် အကြမ်းဖက် စစ်အုပ်စုက လှုံ့ဆော်လျက်ရှိသော ပြဿနာအကျပ်အတည်းများကိုလည်း အထူးကိုယ်စားလှယ် ပစ်မှတ်ထားဖြေရှင်းရမည်ဟုဆက်လက်တိုက်တွန်းသည်။

ကုလအထူးကိုယ်စားလှယ်အနေဖြင့် အထက်ပါအချက်များကို အကယ်၍ ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းမရှိပါက အကြမ်းဖက်စစ်အုပ်စုအား စစ်ရာဇဝတ်သားများအဖြစ်မှ သက်သာရာရသွားစေမည့်အဖြစ်သို့ ရောက်ရှိသွားနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အားထားရသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နိုလင်းဟေဇာ၏ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကာ မြန်မာပြည်သူလူထု၏ အသံကို ထင်ဟပ်ရမည် ဖြစ်ကြောင်း ဖော်ပြသည်။

ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကြေညာသည့်နေ့တွင်ပင် တရားမ၀င် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားသဖြင့် ထပ်တိုးထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့သည်။

ယင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုက ကုလသမဂ္ဂအား တမင်တကာ ရန်စသည့် လုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားသော ခေါင်းဆောင်များနှင့် ၎င်း၏တရားဝင်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုမှန်သမျှသည် လျင်မြန်စွာ လက်တုံ့ပြန်ခြင်းခံရမည်ဟု အဓိပ္ပာယ်ရသည့် တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် လူသတ်မှုနှင့် လှည့်ဖြားမှုမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ဓားစာခံအဖြစ် ဖမ်းဆုပ်ရန် ကြိုးပမ်းနေပြီး အာဆီယံနှင့် ကုလသမဂ္ဂတို့၏ တောင်းဆိုချက်များကို ပယ်ချရုံသာမက အကြမ်းဖက်လုပ်ရပ်များအား ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ် နေကြောင်းလည်း NUGက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်