Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကိုပထမဆုံးအကြိမ်လာတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့ နောက်ဆုံးတစ်ကြိမ် တောင်းဆိုခဲ့ အပြီးမှာ ဟေဇာရဲ့ ခရီးစဉ် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကိုပထမဆုံးအကြိမ် လာတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကိုပထမဆုံးအကြိမ် လာတဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂအတွင်း​​ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်​​နေတယ်လို့ သိရပါတယ်။

၂၀၂၁ အောက်တိုဘာလတုန်းက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံခဲ့ရတဲ့ နိုလင်းဟေဇာဟာယမန့်​​နေ့ (သြဂုတ် ၁၅)ကမြန်မာနိုင်ငံကိုသွား​ရောက်ပြီး ဒီ​နေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ အဖက်ဖက်က ယိုယွင်းလာနေတဲ့ အခြေအနေတွေကို ပြန်လည် အဖတ်ဆယ်ဖို့ အပါအဝင် တခြား အရေးကြီးတဲ့ ကိစ္စတွေအတွက် ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန် ဒူဂျာရစ်က ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်တန့်ဖို့ နောက်ဆုံးတစ်ကြိမ် တောင်းဆိုခဲ့ အပြီးမှာ ဟေဇာရဲ့ ခရီးစဉ် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။

ဒူဂျာရစ်က ဟေဇာရဲ့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးပါဘူး။ နောက်ပြီး အာဏာသိမ်းလိုက်ချိန် ကတည်းက ကုလသမဂ္ဂက အစဉ်တစိုက် တောင်းဆိုထားတဲ့အတိုင်း ဟေဇာ အနေနဲ့ အထိန်းသိမ်းခံ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ၊မရ ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။ လတ်တလောမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု စွပ်စွဲချက်တွေနဲ့ ထပ်တိုး ထောင်ဒဏ် ၆ နှစ်ကို ယမန်​နေ့ကထပ်မံချမှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့ နိုင်ငံရေးကဏ္ဍနဲ့ ဆက်စပ် အဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်း အသင်းအဖွဲ့တွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ လူ့အသိုက်အဝန်းတွေဆီက အကြံယူ ဆွေးနွေးပြီးတဲ့နောက် ဟေဇာရဲ့ ခရီးစဉ် အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်မြောက်လာခဲ့ကြောင်းလည်း ဒူဂျာရစ်က ဆိုပါတယ်။

အခုလအစောပိုင်းမှာအာဆီယံအလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယား အစိုးရက မြန်မာ စစ်ကောင်စီ အနေနဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ပြောင်ပြောင်တင်းတင်း ကွပ်မျက်လိုက်တဲ့ လုပ်ရပ်က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပုံမှန် အခြေအနေတွေဆီ ပြန်လည် ရောက်ရှိရေး ဆွေးနွေးမှုတွေကို လမ်းချော်သွားစေကြောင်း ဝေဖန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ် တရားလက်မဲ့ သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ အာဆီယံ နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးမှာ ဘယ်အင်အားစုကို ဦးတည် ဆွေးနွေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်သင့်ပြီလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက သတိပေးခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဟာ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေ ပြန်လည် တည်ငြိမ်စေဖို့ အဆိုပြုချက် ၅ ခုကို ထုတ်ပြန် တောင်းဆိုထားပေမယ့် အာဏာသိမ်း စစ်ကောင်စီက လုံးဝ လေးစားလိုက်နာမှု မရှိဘဲ အကြမ်းဖက် လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ဆက်ပြီး ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။