Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်သားအလောင်းလာကောက်သည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီး ကျည်ဆံ၊ ဗုံးသီးနှင့် စစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ကြောင်း မြိုင်(ပကဖ)က ယနေ့ ထုတ်ပြန်သည်။

(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့​သော ခဲယမ်းမီး​ကျောက်နှင့်စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓာတ်ပုံ - မြိုင် - ပကဖ)
(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့​သော ခဲယမ်းမီး​ကျောက်နှင့်စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓာတ်ပုံ - မြိုင် - ပကဖ)

▪️စစ်ကောင်စီတပ်က ဈေးသည်နှစ်ဦးအား သတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်သားအလောင်းများလာကောက်သည့် စစ်ကောင်စီ​၏ Faw ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်ကောင်စီတပ်က စျေးသည်နှစ်ဦးအား ပစ်သတ်သွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်က စစ်ကောင်စီတပ်အား ​ဒေသတွင်းအဖွဲ့များက မြိုင်မြို့နယ် တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီး ကျည်ဆံ၊ ဗုံးသီးနှင့် စစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ကြောင်း မြိုင်(ပကဖ)က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၁၇ရက်)နံနက်တွင် အဆိုပါ နေရာရှိ စစ်သားအလောင်းများအား Faw ကားဖြင့် လာကောက်စဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် အနီးနားရှိ ဈေးသည်ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားကြောင်း မြိုင် (ပ.က.ဖ)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်အဝေးဆုံးရှောင်ရှားကြရန် မြိုင် (ပ.က.ဖ) က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။