Connect with us

Hi, what are you looking for?

သတင်း

ကိုးတောင်ဘို့ရွာတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကိုးတောင်ဘို့ရွာတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ
ကိုးတောင်ဘို့ရွာတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့ကျေးရွာတွင် ယမန်နေ့ည တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် အရပ်သားအမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။

ယမန်နေ့(သြဂုတ် ၁၈ရက်) ည ၉နာရီနှင့် ၁၀နာရီကြားတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်​ကောင်စီက မြေပြင်တိုက်ပွဲမှာ ခံနေရတော့ စစ်တပ်ကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာ။ကိုးတောင်ဘို့ဘူတာအနီးကို လက်နက်ကြီးကျတာ။ အမျိုးသမီးနှစ်ယောက် သေဆုံးသွားပါတယ်” ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်မှုများ ပိုပြုလုပ်လာပြီး အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို မိးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန် ထားသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ကိုးတောင်ဘို့ကျေးရွာအတွင်း တိုက်ပွဲပြန်ဖြစ်လာနိူင်၍ ဒေသခံများတိမ်းရှောင် နေထိုင်သင့်ကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။