Connect with us

Hi, what are you looking for?

သတင်း

ဘန့်ဘွေးကုန်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် သေဆုံးဟု ကသာ(ပကဖ) အသိပေး

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။

(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)
(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးခဲ့ကြောင်း မြေပြင်ပြည်သူများနှင့်ရှေ့တန်းရဲဘော်များက သတင်းပေးပို့လာ သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) လက်အောက်ခံ ကချင်ဒေသPDF နှင့် ကသာ(ပကဖ)၊ တိုက်နယ်နှင့် ရပ်ကျေး(ပကဖ)များ ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီးပစ်ကူ၊ လေးကြာင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသည့် စစ်ကောင်စီတပ် အလောင်းများကို ဘန့်ဘွေးကုန်းဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့်ထပ်တင်၍ လာရောက်သယ်ယူသွားကြောင်း ကသာ(ပကဖ) က ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် လေးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်