Connect with us

Hi, what are you looking for?

သတင်း

ကသာနယ် ဘန်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်များ တိုက်ခိုက်

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရေအတွက် အတည်ပြုရန် ခက်ခဲကြောင်း ဖော်ပြသည်။ တိုက်ပွဲတွင် KPDF ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)
(လေကြောင်းးဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်နေသော ဘန့်ဘွေးကုန်းရွာအား အဝေးမှ မြင်တွေ့ရစဥ်၊ ဓာတ်ပုံ K.Z)

သေဆုံးထိခိုက်များသည့် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန် သည်။

ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ တပ်စွဲထားသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂) လက်အောက်ခံ ကချင်ဒေသ PDF နှင့်ကသာ (ပကဖ)၊ တိုက်နယ် နှင့် ရပ်ကျေး (ပကဖ)များ ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၅နာရီခွဲခန့်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်များ ရွာအတွင်း ပိတ်မိနေ၍ ကသာအခြေစိုက် စစ်ကာင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်များ ဆက်လက် ပိတ်မိနေ၍ နေ့လည် ၁၂နာရီခွဲတွင် မြစ်ကြီးနား လေတက်မှ တိုက်လေယာဉ် နှစ်စီးဖြင့် ဘန့်ဘွေးကုန်းရွာအားဗုံးကြဲတိုက်ခိုက်လာကြောင်း ကသာ(ပကဖ)က ထုတ်ပြန်သည်။

“ခလရ (၁၂၁) တပ်က စခ ရိက္ခာသဘော် တွေကို မြေပြင် စစ်ကြောင်းအရ လုံခြုံရေးလိုက်ယူ ပေးနေတာ။ဘန့်ဘွေးကုန်းရွာမှာ လာတပ်စွဲနေတာလည်း တစ်ပတ်လောက်ရှိတော့မယ်။ဒီမနက် တော့ တိုက်ပွဲတော်တော်ပြင်းထန်တယ်လို့ သိရပေမယ့် စခ တွေရဲ့ သေဆုံးမှုကို အတည်ပြုဖို့ လောလောဆယ် မပြောနိုင်သေးဘူး”ဟု ကသာမြို့နယ် (ပကဖ)နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားပြီး အရေအတွက် အတည်ပြုရန် ခက်ခဲကြောင်း ဖော်ပြသည်။ တိုက်ပွဲတွင် KPDF ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘန့်ဘွေးကုန်းကျေးရွာအား မီးရှို့နေပြီး ထွက်ခွာရန် ပြင်ဆင်နေကြောင်း ကသာ(ပကဖ)က အသိပေးသည်။

စစ်ကိုင်းနှင့် ကချင်အစပ်ဒေသများတွင် ဒေသခံ PDFများ၊ ပကဖများနှင့် KIA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး