Connect with us

Hi, what are you looking for?

သတင်း

ကွန်မန်ဒိုနှင့် စနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဟု NUG ပြည်ထဲရေးဝန်ကြီး ဌာနဖွဲ့စည်း

“ပထမဆုံး အထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင် အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုဘဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်”ဟု ဆိုသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

SOF များကို မြို့ပြနှင့် ကျေးလက်စစ်ဆင်ရေးများတွင် တာဝန်ပေးမည်ဟုဆို

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမားများဖြင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ဖွဲ့စည်းထားပြီး ယင်းအဖွဲ့သည် ဝန်ကြီးဌာန၏ လက်ရင်းတပ်အဖြစ်ရပ်တည်လျှက်ရှိကြောင်း ယနေ့(သြဂုတ် ၂၂) အသိပေး ထုတ်ပြန်လိုက်သည်။

တပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ဂျူလိုင် ၁၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တပ်ဖွဲ့ကို တပ်မဟာ (၆)၊ တပ်ရင်း(၁၈)နယ်မြေ၌ လေ့ကျင့်သင်ကြားထားသောအထူးကွန်မန်ဒိုနှင့် အထူးစနိုက်ပါသမား ၄၄ဦးကို အခြေတည်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

“ပထမဆုံး အထူးသင်တန်းဆင်းချိန်တွင် တပ်ဖွဲ့ဝင်အင် အား ၁၇၀ ဦးဖြစ်သည်။ ဆက်လက်ပြီး အထူးသင်တန်းများကို သင်တန်းတစ်ဖြတ်လျှင် လူ ၅၀ ဦးထက်မပိုဘဲ စုဆောင်းလေ့ကျင့်သင်ကြားလျှက်ရှိသည်”ဟု ဆိုသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

လေ့ကျင့်သင်ကြားပြီးသော တပ်ဖွဲ့ဝင်များကို တောင်ပိုင်းစစ်ဒေသအတွင်းရှိ ရန်ကုန်၊ ဧရာဝတီ၊ မွန် မြို့ပြစစ်ဆင် ရေးလုပ်ငန်းများအား တာဝန်ပေးထားပြီး ကျေးလက် စစ်ဆင်ရေးအနေဖြင့် တနသ်ာရီနှင့် ကရင်ပြည်နယ်တပ်မဟာအသီးရှိ ရှိရင်းစွဲစစ်ကြောင်းများသို့ ပူးပေါင်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးဆောင်ရွက်လျှက်ရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မြို့ပြစစ်ဆင်ရေးလုပ်ငန်းများကို တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ခံနှင့် တောင်ပိုင်းစစ်ဆင်ရေးဌာနတာဝန်ခံ၏ ညွှန်ကြားချက်များအတိုင်း S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက်ကွပ်ကဲစီမံကာ သက်ဆိုင်ရာ စစ်တိုင်းတာဝန်ခံများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှူများဖြင့် မစ်ရှင်များကိုဆောင်ရွက်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

အလားတူ ကျေးလက်စစ်ဆင်ရေးများကို တောင်ပိုင်းစစ်ဒေသ ဒုစစ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ သက် ဆိုင်ရာစစ်ကြောင်းမှူးများ၏ အစီအစဥ်အတိုင်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ပို့ကိစ္စများအား တောင်ပိုင်းထောက်/ပို့တာဝန်ရှိသူများနည်းတူ S.O.F တပ်ဖွဲ့ရုံးမှ တိုက်ရိုက် စီစဥ်ဆောင်ရွက်ပေးသည်ဟု ထုတ်ပြန် သည်။

SPECIAL OPERATION FORCE (S.O.F) သည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ တိုက်ရိုက်ညွှန်ကြားချက်များအတိုင်း၊ တပ်ဖွဲ့ရုံး တပ်မှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှူများအတိုင်း ကျရာတာဝန်များကို ကြိုးစားအကောင်အထည်ဖော်လျှက်ရှိကာ တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းနှင့်အချက်အလက်များအား ထပ်မံဖော်ပြပေးသွားမည်ဟု ဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။