Connect with us

Hi, what are you looking for?

သတင်း

ကိုရီးယားရောက်မြန်မာများ NUG ကို ဒေါ်လာတစ်သိန်း၊ PDF (၁၈)ဖွဲ့ကို ကျပ်သိန်း ၂၀စီ ထပ်မံထောက်ပံ့

တောင်ကိုရီးယားရောက်မြန်မာများစုပေါင်းထည့်ဝင်ငွေဖြင့် NUG ကို လစဉ် ဒေါ်လာတစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ရာ ယခုလသည် ဒဿမအကြိမ်မြောက်ဖြစ်ပြီး အညာဒေသရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် PDF (၁၈)ဖွဲ့ကိုလည်း ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်သည်။

(စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)များအား တွေ့ရစဉ်)
(စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)များအား တွေ့ရစဉ်)

တောင်ကိုရီးယားရောက်မြန်မာများက ယခုလအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၈)ဖွဲ့ထံ ကျပ်သိန်း ၂၀ စီထောက် ပံ့လှူဒါန်းခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားရောက်မြန်မာများစုပေါင်းထည့်ဝင်ငွေဖြင့် NUG ကို လစဉ် ဒေါ်လာတစ်သိန်း ထောက်ပံ့လှူဒါန်းခဲ့ရာ ယခုလသည် ဒဿမအကြိမ်မြောက်ဖြစ်ပြီး အညာဒေသရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် PDF (၁၈)ဖွဲ့ကိုလည်း ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)၏ ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းကြသော အလှူရှင်များနှင့် One Day Challenge မန်ဘာဝင်များက အမိမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းပပျောက်နိုင်စေရေးအတွက် စေတနာ ထက်သန်စွာဖြင့် လစဉ်လှူဒါန်းပေးပို့နေကြခြင်းဖြစ်သည်။

ယခုလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တလုပ်)၊ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၂၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်၊ ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့ တပ်ရင်း(၄) ပုလဲ၊ ကျားဖြူတပ်ခွဲ(၁)၊ BURMESE CUERRILLA FORCE B.C.F(MYINGYAN)၊ စံရှားနှင့်ညီနောင်များသရက်ကန်းအနောက်ရွာ၊ ဒီပဲရင်းမြို့နယ် ပ.က.ဖ၊ အနောက်လွင်ပြင်တပ်ရင်း-၇၀၈ တပ်မဟာ-၇ ၊အနောက်ပိုင်းစစ်ဒေသ မြိုင်မြို့နယ်၊ PHOENIX (အထူးပျောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင် အမှတ်(၆) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၇) တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ်(၈) တပ်ရင်း၊ MATUPI SPECIAL TASK FORCE (MSTF)၊ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၂၃၊ MYANMAR NATIONAL ARMED FORCE-MNAF၊ ဆော PDF တပ်ရင်း(၂)(We Are The One)၊ TRIPLE TWO TASK FORCE ၊ ဆားလင်းကြီး စသည့် PDF ၁၈ ဖွဲ့ကို ထောက်ပံ့ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)သည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုအပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ယနေ့အချိန်အထိ စစ်အာဏာရှင် အမြန်ဆုံးအမြစ်ပြတ်ရေးအတွက် တောင်ကိုရီးယားရောက်မြန်မာများ၏ စုပေါင်းထည့်ဝင်ငွေဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အားပါဝင်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။