Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်ရှိ မီးရှို့ခံရသည့်ကျေးရွာများအား စစ်ကိုင်းတိုင်း PDFများ သွားရောက်လှူဒါန်း

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)
(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် ကျေးရွာများကို စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များက ဆန်အပါအဝင် ရိက္ခာများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း မြောင် CDSOM အဖွဲ့က ထုတ်ပြန်သည်။

သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။

(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ - CDSOM)
(ရေစကြိုနယ်ရှိ မီးရှို့ခံရသော ကျေးရွာများအား မြောင် CDSOMအဖွဲ့ သွားရောက်လှူဒါန်းနေစဥ်။ ဓာတ်ပုံ – CDSOM)

ထိုသို့ မီးရှို့ခံရသည့် အိုးအိမ်မဲ့ပြည်သူများအတွက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ – CRF Myinmu နှင့် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2Wတို့က ဆန်အိတ် ၃၀၊ ဆီ တစ်ပုံး၊ ဆား တစ်အိတ်၊ ဟင်းသီးဟင်းရွက်၊ ​ခေါင်းအုံးနှင့် ​စောင်များအား Silver Lining Programme အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း CDSOM အဖွဲ့က ယမန်နေ့ (သြဂုတ် ၂၂ ရက်) အသိပေးသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ PDFအဖွဲ့များသည် မြောင် CDSOM အဖွဲ့ အပါအဝင် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်အား ခုခံတော်လှန်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရမှုတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှာ အမြင့်ဆုံးတွင်ရှိနေပြီး ဒေသတွင်း PDFအဖွဲ့များက ကူညီလှူဒါန်းမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ