CVODI-19 ရောဂါဖြစ်၍ သေဆုံးသူများအနက် ၇၀ ရာခိုင်းနှုန်းကျော်သည် နေအိမ်၌သေဆုံးပြီး ၁၇ရာခိုင်နှုန်းမှာ ဆေးရုံးတွင် သေဆုံးခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်း၌ ဖော်ပြထားသည်။
ပြည်သူလူထုအတွင်း COVID-19 တတိယလှိုင်းဖြစ်ပွားမှုကို ဩဂုတ် ၉ရက်က စတင်၍ စစ်တမ်းကောက်ယူပြီး ၅ရက်အတွင်း ဖြေဆိုသူ ၂၅၄၇၅ ဦး၏ အချက်အလက်များမှ ကနဦး တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။

စစ်တမ်းဖြေဆိုသူ ၂၅၀၀၀ ကျော်တွင် ရောဂါပိုးစစ်ဆေးသူ ၄၂ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး ထိုသို့ စစ်ဆေးသူများအနက် ၉၂ရာခိုင်နှုန်းကျော် ပိုးတွေ့ခဲ့ကြောင်း ဖော်ပြထားသည်။
ဆေးကုသမှုကို အင်တာနက်နှင့် ဖုန်းများမှတဆင့် အများဆုံး ကုသမှုခံယူခဲ့ပြီး ထိုသို့ ကုသမှုခံယူသူ ၃၄ ရာခိုင်နှုန်းရှိသည်။ ကုသမှု မရှာဖွေကြသူက ၂၄ရာခိုင်နှုန်း၊ နေအိမ်၌ ကုသမှု ခံယူသူ ၂၁ရာခိုင်နှုန်း၊ ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများ၌ ကုသမှုခံယူသူ ၁၄ရာခိုင်နှုန်း၊ ယခင်အစိုးရ ဆေးရုံ၌ ကုသမှုခံယူသူ ၅ရာခိုင်နှုန်း၊ အခြားနည်းလမ်းများနှင့် ကုသမှုခံယူသူ ၂ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

Public Service Announcement
သေဆုံးနှုန်းမှာ စစ်ကောင်စီက ထုတ်ပြန်မှုမှာ ရောဂါပိုးတွေ့လူနာစုစုပေါင်း၏ ၃ဒသမ ၇ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်းတွင် ၇ဒဿမ ၂ရာခိုင်နှုန်းရှိသည်။ ယင်းသည် ပိုးတွေ့သူ ၉၈၄၀ ဦးနှင့် ဆေးရုံ၌ သေဆုံးသူ ၇၀၄ ဦး ကို အခြေခံ တွက်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်ကောင်စီက သေဆုံးမှုနှုန်း ဖော်ပြချက်သည် စစ်တမ်းထက် တစ်ဝက်ခန့်လျော့နည်းနေသည်။ သေဆုံးသည့် နေရာကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက ကိုဗစ်ဖြင်၍ သေဆုံးမှုမှာ ၁၅ရာခိုင်နှုန်းထိ ရှိကြောင်း ဖော်ပြထားသည်။
သေဆုံးသူများ၏ ၇၃ ရာခိုင်နှုန်းသည် နေအိမ်၌ သေဆုံးခဲ့ပြီး ၁၇ ရာခိုင်နှုန်းသာ ဆေးရုံ၌ သေဆုံးခြင်းဖြစ်ကြောင်း စစ်တမ်း၌ ပါရှိသည်။

ယင်းအချက်က ရောဂါပြင်းထန်သူများ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုမရဘဲ ဆေးရုံတက် ကုသခွင့်မရခြင်းကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။

စစ်တမ်း၌တွေ့ရှိရသည့် ခိုင်လုံသည့် သက်သေအထောက်အထားတွေအရ ဆေးရုံ၌ စောင့်ရှောက် ကုသရန် လိုအပ်သည့် လူနာများ ဆေးရုံမတက်ရောက်နိုင်ခြင်း၊ ကုသမှုအများစုကို အွန်လိုင်းမှသာ ကုသကြရခြင်း၊ စစ်ကောင်စီကအမှန်တကယ် သေဆုံးမှုနှုန်းကို မထုတ်ပြန်နိုင်ခြင်း စသည့်အချက်များ ထင်ရှားနေကြောင်း၊ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်၊ကုသမှု လုပ်ငန်းများ၌ မှားယွင်းညံ့ဖျင်းစွာ စီမံလျက်ရှိသည်ကို သုံးသပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။



















































