Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် KNDF သတိပေး

ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲသည်။

(ခြေတော်ရာဘုရားအနီးပတ်ဝန်းကျင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF .B 19)
(ခြေတော်ရာဘုရားအနီးပတ်ဝန်းကျင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF .B 19)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားအနီးရှိ မည်သည့်လမ်းများကိုမဆို သွားလာခြင်းမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၉ က ယနေ့ (သြဂုတ် ၂၃ ရက်) ထုတ်ပြန်သည်။

“ခြေတော်ရာဘုရားက ထူလွီးဘီလာကျေးရွာ နဲ့ ဆက်စပ်နေတဲ့နေရာ။ဟိုတနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့တဲ့နေရာ။အဓိကတော့ နယ်မြေအခြေအနေ မတည်ငြိမ်သေးတာပေါ့”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

သြဂုတ် ၂၀ရက် နံနက်ပိုင်းကစ၍ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာဘက်နှင့် ဒီးမော့ဆိုမြို့ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF -B19 မှ ခြေတော်ရာဘုရားတောင် အနီးတွင် ခုခံတိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အလားတူ ထိုတိုက်ပွဲ၌ KNDF- B19 မှရဲဘော်တစ် ဦး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယခုလ တတိယအပတ်အတွင်း စစ်ကောင်စီတပ် များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှ တစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့် တင်းကာ အပြင်းအထန်စစ်ကြောင်းထိုးလာခဲ့ သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်အထိ ဖြစ်ပွားခဲသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။