Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံအဝန်းတိုက်ပွဲများပြင်းထန်လာနိုင်၍ လက်နက်ခဲယမ်း၊ ဆေးဝါး၊ ရိက္ခာများ ပိုမိုထိရောက်စွာဖြင့်ကူညီလှူဒါန်းပေးရန် KDF တိုက်တွန်း

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

(ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ ရဲဘော်များအား တွေ့ရစဥ်)
(ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ ရဲဘော်များအား တွေ့ရစဥ်)

လက်ရှိအချိန်သည် ကရင်နီ(ကယား)ပြည်နယ်အပါအဝင် အခြားသော တိုင်နှင့်ပြည်နယ်များ၌တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ လက်နက်ခဲယမ်း ၊ဆေးဝါး၊ရိက္ခာများကို ပိုမိုထိရောက်စွာဖြင့် ကူညီလှူဒါန်းပေးရန် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ (သြဂုတ် ၂၆ ရက်) တိုက်တွန်း ထုတ်ပြန်သည်။

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

(ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)မှ ရဲဘော်များအား တွေ့ရစဥ်)

ထို့အတူ KDF အနေဖြင့်လည်း အခြားသောတပ်ဖွဲ့များနည်းတူ စစ်အာဏာရှင်ပြုတ်ကျရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကယား(ကရင်နီ)ပြည်နယ်၌ တိုက်ပွဲဝင်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တိုက်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ ခဲယမ်းမီးကျောက်များ လိုအပ်လာသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါအခြေအနေများကြောင့် လက်နက်ခဲယမ်းနှင့် ဆေးဝါးလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းပေးရန် KDFက တောင်းဆိုသည်။

“ဒီမိုးရာသီ အကုန်မှာ ရန်သူ(အကြမ်းဖက်စစ် ကောင်စီဘက်)က ဒီထက်ပိုအရှိန်မြှင့်လာလိမ့်မယ်လို့ သုံးသပ်တယ်။အခုတောင်သူတို့က နယ်မြေအချို့ကို စတင် စီးနင်းနေတယ်။ဒါကိုလည်း ကျွန်တော်တို့ လောလောလတ်လတ် ခုခံနေတယ်”ဟု KDF ပါဝင်ဖွဲ့စည်းထားသည့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကင်းထောက်အခြေအနေအရ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်နိုင်ရေးအတွက် အင်အား ၆၀၀ခန့်ရှိ စစ်အင်အားအပါအဝင် အတွဲလိုက်ဒုံးများကို ဖြည့်တင်းလျှက်ရှိသည်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။