Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငွေတောင်ရွာသစ်ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ငါးဦးသေ

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက်ရွာများရှိ ရွာသူ၊ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ရန် KRU က တိုက်တွန်းသည်။

(ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUမှ ရဲဘော်များအား တွေ့ရစဥ် ၊ ဓာတ်ပုံ - KRU)
(ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUမှ ရဲဘော်များအား တွေ့ရစဥ် ၊ ဓာတ်ပုံ - KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUက ထုတ်ပြန် သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ KRU နှင့် မဟာမိတ် ဒီးမော့ဆို PDF(DMO PDF) တပ်တို့ ပူးပေါင်း၍ အင်းအား ၂၀၀ကျော်ဖြင့် အလုံးအရင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တို့ သြဂုတ် ၂၄ ရက် ညနေ ၄ နာရီ ၁၅မိနစ်ခန့်ကစ၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် ယနေ့(သြဂုတ် ၂၅ ရက်)တွင် ငွေတောင်ရွာသစ် ကျေးရွာအနီးတစ်ဝိုက်၌ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်ထိ ထပ်မံ၍ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးအတည်ပြု မရနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့ ငွေတောင်ရွာသစ်က ဒီးမော့ဆို မြို့နယ်ရဲ့ အရှေ့ခြမ်းဘက်ကျတယ်။အခုသူတို့ဘက်က နယ်မြေစိုးမိုးမှုအပိုင်းကို ပိုလုပ်လာတယ်။ဒါကို ကျွန်တော်တို့က ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး။ဒါကြောင့် ပြောက်ကျားစနစ်နဲ့ ကနဦး တိုက်ခိုက်နိုင်ခဲ့တယ်။နောက်ပြီး လက်ရှိ အနေအထားအရ မနက်ဖြန် သဘက်ခါ အချိန်မရွေး တိုက်ပွဲက တော်တော့်ကို ပြင်းထန်လာနိုင်တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နှစ်ရက်တာ တိုက်ပွဲများအနက် KRU နှင့် DMO PDF မှ အထိအခိုက်မရှိဘဲ ပြန်လည်ခုခံနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက်ရွာများရှိ ရွာသူ၊ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ရန် KRU က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။