Connect with us

Hi, what are you looking for?

သတင်း

ငွေတောင်ရွာသစ်ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်ငါးဦးသေ

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက်ရွာများရှိ ရွာသူ၊ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ရန် KRU က တိုက်တွန်းသည်။

(ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUမှ ရဲဘော်များအား တွေ့ရစဥ် ၊ ဓာတ်ပုံ - KRU)
(ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUမှ ရဲဘော်များအား တွေ့ရစဥ် ၊ ဓာတ်ပုံ - KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ကြောင်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRUက ထုတ်ပြန် သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ KRU နှင့် မဟာမိတ် ဒီးမော့ဆို PDF(DMO PDF) တပ်တို့ ပူးပေါင်း၍ အင်းအား ၂၀၀ကျော်ဖြင့် အလုံးအရင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တို့ သြဂုတ် ၂၄ ရက် ညနေ ၄ နာရီ ၁၅မိနစ်ခန့်ကစ၍ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် ယနေ့(သြဂုတ် ၂၅ ရက်)တွင် ငွေတောင်ရွာသစ် ကျေးရွာအနီးတစ်ဝိုက်၌ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်ထိ ထပ်မံ၍ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးအတည်ပြု မရနိုင်သေးပေ။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်တဲ့ ငွေတောင်ရွာသစ်က ဒီးမော့ဆို မြို့နယ်ရဲ့ အရှေ့ခြမ်းဘက်ကျတယ်။အခုသူတို့ဘက်က နယ်မြေစိုးမိုးမှုအပိုင်းကို ပိုလုပ်လာတယ်။ဒါကို ကျွန်တော်တို့က ဘယ်လိုမှ လက်သင့်မခံနိုင်ဘူး။ဒါကြောင့် ပြောက်ကျားစနစ်နဲ့ ကနဦး တိုက်ခိုက်နိုင်ခဲ့တယ်။နောက်ပြီး လက်ရှိ အနေအထားအရ မနက်ဖြန် သဘက်ခါ အချိန်မရွေး တိုက်ပွဲက တော်တော့်ကို ပြင်းထန်လာနိုင်တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နှစ်ရက်တာ တိုက်ပွဲများအနက် KRU နှင့် DMO PDF မှ အထိအခိုက်မရှိဘဲ ပြန်လည်ခုခံနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားနေသော အနီးတစ်ဝိုက်ရွာများရှိ ရွာသူ၊ရွာသားများအနေဖြင့် အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ရွေ့‌ပြောင်းနေထိုင်ရန် KRU က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook