Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ စက်တင်ဘာ ၄ရက်မတိုင်မီ အပြီးထွက်ခွာရန် တိုက်နယ်အမှတ်(၂)ပအဖ သတိပေး

မင်းတပ်(ပအဖ)အနေဖြင့် CDM ဝင်ရောက်ကြရေး လေးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁၅ရက် နောက်ဆုံးထား၍ ပြည်သူ့ဝန်ထမ်းများ CDM ဝန်ရောက်ကြရန် ထုတ်ပြန်ထားကြောင်းဖော်ပြထားသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂) ဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး စက်တင်ဘာ ၄ရက် နောက်ဆုံးထား၍ ဒေသတွင်းမှ အလိုက်တသိအပြီးပိုင် ထွက်ခွာကြရန် မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ သတိပေးထုတ်ပြန်သည်။

မင်းတပ်(ပအဖ)အနေဖြင့် CDM ဝင်ရောက်ကြရေး လေးကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁၅ရက် နောက်ဆုံးထား၍ ပြည်သူ့ဝန်ထမ်းများ CDM ဝန်ရောက်ကြရန် ထုတ်ပြန်ထားကြောင်းဖော်ပြထားသည်။

မင်းတပ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ စက်တင်ဘာ ၄ရက်မတိုင်မီ အပြီးထွက်ခွာရန် တိုက်နယ်အမှတ်(၂)ပအဖ သတိပေး
မင်းတပ်မြို့ရှိ စစ်ကောင်စီဝန်ထမ်းများ စက်တင်ဘာ ၄ရက်မတိုင်မီ အပြီးထွက်ခွာရန် တိုက်နယ်အမှတ်(၂)ပအဖ သတိပေး

သို့သော် ဩဂုတ် ၂၀ရက်က ပြုလုပ်သည့် မြို့နယ်(ပအဖ)၊ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့နှင့် MUSUအဖွဲ့တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသိပေးသည်။

ထို့ကြောင့် တိုက်နယ်အမှတ်(၂) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တိုက်နယ်အမှတ်(၂) ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ Non- CDM ဝန်ထမ်းများ အနေဖြင့် စက်တင်ဘာ ၄ရက် နောက်ဆုံးထား၍ ထွက်ခွာရန် အသိပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။