Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗိုလ်အပါအဝင် သုံးဦးသေ

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

(ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ကလေးမြို့တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုကို ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Operation Mo Mo ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်​ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းကို ကလေးမြို့ (၉)မိုင် စက်မှုဇုန်တံတားတွင် ယနေ့(သြဂုတ် ၂၆ရက်) နံနက် ၆နာရီ၄၅မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်တစ်ဦးအပါအဝင် သုံးဦးပွဲချင်းပြီးသေဆုံးကာ ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Operation Mo Mo က သတင်းထုတ်ပြန်သည်။

“Operation Mo Moက တိုက်ခိုက်တာ။ စစ်ခွေးတွေ စစ်ကြောင်းထိတာများတယ်”ဟု ကလေး PDF ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“Opretion MoMoနဲ့Yatu Project ထုတ်မိုင်းတွေကို လျော့မတွက်စေချင်ဘူးခေါင်းကြီးတို့။ကလေးမြို့တွင်း ခွေးတွေကို ငရဲပို့ပေးနေတဲ့ Team Mo Mo”ဟု PDF ကလေး၏ မိုင်းထုတ်လုပ်ရေးတပ်ဖွဲ့ကလည်း မှတ်ချက်ပေးထားသည်။

ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“Operation MO MO အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ကြိုက်ကြတယ်မလား၊ ပျော်ကြတယ်မလား… အဲ့လိုဆို လှုပ်ရှားနိုင်အောင် မူရင်း Page CB ကနေ သွားကူကြလှူကြ ပံ့ပိုးကြနော်”ဟု ကလေးမြို့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က တိုက်တွန်းထားသည်။

Operation Mo Moသည် လူငယ်အများစု ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။