Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအဖွဲ့အယောင်ဆောင် ငွေကြေးတောင်းခံမှုများအား တိုင်ကြားရန် KNU တပ်မဟာ(၁) မိတ်ဖက်ရေးရာကော်မတီ ထုတ်ပြန်

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီသည် ပြည်သူလူထုများ၏ဘက်မှ အပြည့်အ၀ ရပ်တည်၍ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ရှေးရှုပြီး တော်လှန်ရေး တိုက်ပွဲအား အမြန်ဆုံးအောင်မြင်မှု ရစေရေး စနစ်တကျ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(KNUသထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ၂၀၂၁ နှစ်ကုန်ပိုင်းကအစည်းအ​ဝေးပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ)
(KNUသထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ၂၀၂၁ နှစ်ကုန်ပိုင်းကအစည်းအ​ဝေးပြုလုပ်​နေစဥ်။ ။ဓါတ်ပုံ-ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ)

ပြည်သူလူထုအတွင်း တော်လှန်ရေး အဖွဲ့အစည်းအယောင်ဆောင် ငွေကြေးတောင်းခံခြင်းများ ရှိပါက ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်တပ်မဟာ(၁)မိတ်ဖက်ရေးရာကြီးကြပ် ကွပ်ကဲမှု ကော်မတီသို့ တိုင်ကြားရန်ယင်းကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။

ကော်မတီမှ အသိအမှတ်ပြုထားသည့် ခရိုင်၊ တပ်မဟာ အတွင်းရှိ အခြေစိုက်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းမရှိစေရေး တင်းကြပ်သည့် စည်းကမ်းများချမှတ်ထားပြီး ဖြစ်ကြောင်းအသိပေးသည်။

အကယ်၍လုပ်ဆောင်လာပါကစနစ်တကျစုံစမ်းပြီးပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဦးဆောင်မှု တွင် PDFနှင့် PDF လက်အောက်ခံ မဟုတ်သော တော်လှန်ရေး အဖွဲ့အစည်းများ စနစ်တကျ ပါဝင်မှတ်ပုံတင်ခဲ့ပြီး ကော်မတီ၏ လမ်းညွှန်မှု နှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာမည်ဟု ကတိပြုထားပြီးဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ကော်မတီမှ ဘဏ္ဍာရေးလုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့ထားပြီး တပ်မဟာ(၁)နယ်မြေဖြစ်သည့် စစ်တောင်းတံတား နှင့် သံလွင်တံတားကြား ဒေသရှိ ပြည်သူများအား တော်လှန်ရေး အဖွဲ့အစည်းအယောင်ဆောင်ခြိမ်းခြောက်ငွေကြေး တောင်းခံခြင်းမရှိစေရေး စနစ်တကျ မူဝါဒ စည်မျဉ်းများချမှတ်ထားပြီး ဖြစ်ကြောင်း အသိပေးထားသည်။

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီသည် ပြည်သူလူထုများ၏ဘက်မှ အပြည့်အ၀ ရပ်တည်၍ စစ်အာဏာရှင် စနစ် ကျဆုံးရေးကို ရှေးရှုပြီး တော်လှန်ရေး တိုက်ပွဲအား အမြန်ဆုံးအောင်မြင်မှု ရစေရေး စနစ်တကျ ဦးဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။