Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်များက ပြည်သူအပေါ် မတရားပြစ်မှု ကျူးလွန်ခြင်းများရှိလာပါ စစ်ဆေးအရေးယူရန် ဗဟိုစုံစမ်းရေးလုပ်ငန်းအဖွဲ့ KNDF ဖွဲ့စည်း

KNDF စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ရေးဆွဲထားပြီး မကြာမီ အတည်ပြု ပြဌာန်းကာ တပ်တွင်း ကျင့်သုံးမည်ဖြစ်ကြောင်း၊ ပြဌာန်းချက်ပါ အတိုင်း ပြစ်မှုများကို အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူများ စစ်ရေးတပ်ဖွဲ့၏ ရာဇဝတ်မှု ကျူးလွန်ခံရခြင်းမှ အတက်နိုင်ဆုံး ကာကွယ်မည်ဟုဖော်ပြ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ ပြည်သူအပေါ် နိုင့်ထက်စီနင်းပြု ကျင့်မှုများ၊ မတရားပြစ်မှုများ မကျူးလွန်ရန်နှင့် ပြည်သူကို အကာအကွယ်ပေးသည့် တပ်ဖွဲ့တစ်ခု ဖြစ်စေရန် စီမံဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ ပြည်သူအပေါ် မတရားပြစ်မှု ကျူးလွန်ပါက စစ်ဆေး အရေးယူရန် ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု KNDFက ထုတ်ပြန်သည်။

ကရင်နီဒေသတွင် KNDF အပါအဝင် လက်နက်ကိုင်အင်အားစုများစွာ တည်ရှိပြီး ပြည်သူများကို အနိုင်အထက် ပြုမှုများ တခါတရံ ဖြစ်ပေါ်လေ့ရှိကာ မည်သည့် အဖွဲ့အစည်းက ဆောင်ရွက်ခဲ့သည်ကို အများစုကမသိခဲ့ရကြောင်း၊ တခါတရံ KNDF အမည်ကို တမင်အသုံးချမှုများ ကြုံရသကဲ့သို့ KNDF တပ်ဖွဲ့ဝင်များမှ အမှန်တကယ် ကျူးလွန် သော ပြစ်မှုများ ရှိပါကလည်း ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်ဖွဲ့ဝင်များက ပြည်သူအပေါ် မတရားပြစ်မှု ကျူးလွန်ခြင်းများရှိလာပါ စစ်ဆေးအရေးယူရန် ဗဟိုစုံစမ်းရေးလုပ်ငန်းအဖွဲ့ KNDF ဖွဲ့စည်း
တပ်ဖွဲ့ဝင်များက ပြည်သူအပေါ် မတရားပြစ်မှု ကျူးလွန်ခြင်းများရှိလာပါ စစ်ဆေးအရေးယူရန် ဗဟိုစုံစမ်းရေးလုပ်ငန်းအဖွဲ့ KNDF ဖွဲ့စည်း

ပြည်သူလူထုများကို စစ်ရေးတပ်ဖွဲ့၏ ရာဇဝတ်မှု ကျူးလွန်ခြင်းခံရခြင်းမှ အတက်နိုင်ဆုံး ကာကွယ်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး KNDF ဗဟိုကော်မတီအနေဖြင့် ဗဟိုစုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့ကို ဗဟိုနိုင်ငံရေးဌာန၏ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း အသိပေးထားသည်။

ယင်းအဖွဲ့ကို ဗဟိုကော်မတီဝင်များ၊ ဌာနဦးစီးမှူးများဖြင့် ဖွဲ့စည်းထားပြီး KNDF တပ်ဖွဲ့မှ ကျူးလွန်သော မတရားမှု ၊ နိုင်ထက်ပြုမှုများ ကြုံရပါက သို့မဟုတ် မည်သည့်အဖွဲ့အစည်းမှန်း မသိသော်လည်း KNDF ဟု သံသယရှိပါက ဗဟိုကော်မတီထံ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းအဖွဲ့သည် မူခင်းဖြစ်စဉ်များကို လေ့လာပြီး ကျူးလွန်သူကို ဖော်ထုတ်ရန် စေ့စပ်သေချာသော စုံစမ်းစစ်ဆေးရေးကို ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အထောက်အထားများ စုဆောင်းခြင်း၊ ရှာဖွေဲခင်း၊ စစ်ဆေးမေးမြန်းခြင်းနှင့် အမျိုးမျိုးသော စုံစမ်းစစ်ဆေးမှု နည်းလမ်းများကို ကျင့်သုံးသွားမည်ဟု ဆိုသည်။

KNDF စစ်ဘက်ဆိုင်ရာ အက်ဥပဒေကို ရေးဆွဲထားပြီး မကြာမီ အတည်ပြု ပြဌာန်းကာ တပ်တွင်း ကျင့်သုံးမည်ဖြစ်ကြောင်း၊ ပြဌာန်းချက်ပါ အတိုင်း ပြစ်မှုများကို အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မည်သူမဆို KNDF ဗဟိုကော်မတီထံ တိုက်ရိုက်အသိပေး တိုင်ကြားရန်အတွက် ဗဟိုစုံစမ်းစစ် ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖြစ်စဉ်ဖြစ်ရပ်များ သတင်းပေးပို့ တိုင်ကြားရန်လည်း ဖိတ်ခေါ်ထားသည်။ သတင်းပေးတိုင်ကြားသူ၏ အချက်အလက်ကို လျှို့ဝှက်ထိန်းသိမ်း ထားပေးမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးပါက တွေ့ရှိချက်နှင့် အရေးယူဆောင်ရွက်ချက်များကို အကြောင်းပြန်ကြားပေးမည်ဟု KNDFက ထုတ်ပြန်ကာ တိုင်ကြားနိုင်သည့်လိပ်စာများကို ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ပြည့်တန်ဆာ လုပ်ငန်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကနေ ဖယ်ရှားဖို့၊ လိင်လုပ်သားတွေအပေါ် အကာအကွယ်တွေ တိုးမြှင့်ပေးဖို့ အဆိုကြမ်း တစ်ခုကို လွှတ်တော်ဆီ တင်ပြထားခဲ့ပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။