Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမော့ဆိုမြို့ လမ်းမကြီးနှင့် မြို့အနီးလမ်းများတွင် ဖြတ်သန်းသွားလာခြင်းမပြုကြရန် KNDF သတိပေး

စစ်ရေးအခြေအနေပေါ်မူတည်၍ နောက်ထပ် အသိပေးမှုမပြုလုပ်မချင်း ပြည်သူများအနေဖြင့် လိုက်နာပေးကြရန် သတိပေးထားသည်။

(ဒီးမော့ဆိုမြို့နယ်အား ဝေဟင်မှ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF -B 10)
(ဒီးမော့ဆိုမြို့နယ်အား ဝေဟင်မှ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF -B 10)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့ လမ်းမကြီးနှင့် မြို့အနီးလမ်းများတွင် ပြည်သူများ ဖြတ် သန်းသွားလာခြင်းမပြုကြရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့(သြဂုတ် ၂၄ ရက်) သတိပေးထုတ်ပြန် သည်။

ယခုလ ၁၇ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှာ စစ်ကြောင်းများဖြန့်၍ စစ်ကြောင်း ထိုးလှုပ်ရှားခြင်းနှင့် ကင်းပုန်း၀ပ်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ အခြေနေများကြောင့် ပြည်သူလူထုအနေဖြင့် ဒီးမော့ဆိုမြို့အနီးတစ်၀ိုက်နှင့် ခြေတော်ရာဘုရားအနီးရှိ လမ်းများတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် တိုက်တွန်းသည်။

ထို့အပြင် စစ်ကောင်စီတပ်များနှင့် အနီးနားရှိ ကျေးရွာများအတွင်းသို့ နေအိမ်ပြန်ခြင်း၊ ကျေးရွာများအတွင်းသို့ ၀င်ရောက်သွားလာခြင်းများ မပြုလုပ်ကြရန်လည်း KNDF က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေပေါ်မူတည်၍ နောက်ထပ် အသိပေးမှုမပြုလုပ်မချင်း ပြည်သူများအနေဖြင့် လိုက်နာပေးကြရန် သတိပေးထားသည်။

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းကာ အပြင်းအထန်စစ်ကြောင်း ထိုးလာခဲ့သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ (၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး KNDF ရဲဘော်တစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။