Connect with us

Hi, what are you looking for?

သတင်း

ဒီမော့ဆိုမြို့ လမ်းမကြီးနှင့် မြို့အနီးလမ်းများတွင် ဖြတ်သန်းသွားလာခြင်းမပြုကြရန် KNDF သတိပေး

စစ်ရေးအခြေအနေပေါ်မူတည်၍ နောက်ထပ် အသိပေးမှုမပြုလုပ်မချင်း ပြည်သူများအနေဖြင့် လိုက်နာပေးကြရန် သတိပေးထားသည်။

(ဒီးမော့ဆိုမြို့နယ်အား ဝေဟင်မှ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF -B 10)
(ဒီးမော့ဆိုမြို့နယ်အား ဝေဟင်မှ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF -B 10)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့ လမ်းမကြီးနှင့် မြို့အနီးလမ်းများတွင် ပြည်သူများ ဖြတ် သန်းသွားလာခြင်းမပြုကြရန် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့(သြဂုတ် ၂၄ ရက်) သတိပေးထုတ်ပြန် သည်။

ယခုလ ၁၇ ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှာ စစ်ကြောင်းများဖြန့်၍ စစ်ကြောင်း ထိုးလှုပ်ရှားခြင်းနှင့် ကင်းပုန်း၀ပ်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ အခြေနေများကြောင့် ပြည်သူလူထုအနေဖြင့် ဒီးမော့ဆိုမြို့အနီးတစ်၀ိုက်နှင့် ခြေတော်ရာဘုရားအနီးရှိ လမ်းများတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် တိုက်တွန်းသည်။

ထို့အပြင် စစ်ကောင်စီတပ်များနှင့် အနီးနားရှိ ကျေးရွာများအတွင်းသို့ နေအိမ်ပြန်ခြင်း၊ ကျေးရွာများအတွင်းသို့ ၀င်ရောက်သွားလာခြင်းများ မပြုလုပ်ကြရန်လည်း KNDF က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေပေါ်မူတည်၍ နောက်ထပ် အသိပေးမှုမပြုလုပ်မချင်း ပြည်သူများအနေဖြင့် လိုက်နာပေးကြရန် သတိပေးထားသည်။

ယခုလ တတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နှင့် လွိုင်ကော်မြို့နယ်တို့မှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းကာ အပြင်းအထန်စစ်ကြောင်း ထိုးလာခဲ့သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ် ၁၄ရက်မှ ၂၀ ရက်အတွင်း ထိတွေ့တိုက်ပွဲ (၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး KNDF ရဲဘော်တစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် ထိခိုက်သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။