တပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်မှစ၍ (၅)လနီးပါးအတွင်း ဝေဟင်စစ်ဆင်ရေးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအနည်းဆုံး ၂၉ ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Saw Dragon Done Force – SDDFက ယနေ့(သြဂုတ် ၂၈ ရက်) ထုတ်ပြန်သည်။
၂၀၂၂ မတ်လ ၁၅ရက် မှစတင်ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၂၃ ရက်တွင် တောင်ကြာအင်း မြို့နယ် စစ်ကောင်စီစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့နောက် မေလ ၁၀ ရက်တွင် တောင်ကြာအင်းမြို့နယ် စစ်ကောင်စီစခန်းကို ထပ်မံတိုက်ခိုက်ရာအနည်းဆုံးနှစ်ဦးသေဆုံးပြီး၊ တစ်ဦးလက်နှစ်ဖက်ပြတ်၍ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြသည်။

ဆက်လက်၍ တောင်ကြာအင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မေလ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကြောင်း SDDF က ပြောသည်။

Public Service Announcement
ချောင်းနှစ်ခွ တောင်ကလေးရဲစခန်း၊သံဖြူဇရပ် ဆအဖ ရုံးတို့ကို မေလ နှင့် ဇွန်လ ဆန်းပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။သို့သော် အဆိုပါ တိုက်ခိုက်မှု၌ အသေအပျောက် နှင့်ထိခိုက်မှုမသိရသေးပေ။
ဇူလိုင် ၁၀ရက်က ရေးမြို့နယ်၊မော့ကနင်း ကျေးရွာ ရှိ ခလရ ၅၈၈ တပ်ကို တိုက်ခိုက်ရာအနည်းဆုံး ၁၁ ဦးသေဆုံးကာ တိုက်ပွဲ ဖြစ်ပွားပြီးချိန်တွင်ဆေးရုံကားလေးစီး ဝင်သွားခဲ့ရ ကြောင်း ဖော်ပြထားသည်။
ယခုလ ၆ ရက်တွင် အာရှလမ်းမကြီးပေါ်ရှိအကြမ်း ဖက်စစ်ကောင်စီတပ်ပိုင်တော်နော်ရေတံခွန်မွေး မြူရေးစခန်းကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဆိုသည်။
ထို့အပြင် သြဂုတ် ၁၉ ရက်၊ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့နှင့် တစ်မိုင်ကုန်း ကျေးရွာတို့ရှိစစ်ကောင်စီ တပ်စခန်းကို သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို စုံစမ်းဆဲဟု ဖော်ပြသည်။
စစ်အာဏာရှင်အမြစ်ဖြတ်ရှင်းလင်းရေးကို ဦးတည်ကာဖွဲ့စည်းထားခြင်းဖြစ်ပြီးှိသမျှအင်အားဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်အား အစွမ်းကုန်တိုက်ခိုက်သွားမည်ဟု SDDF က ကတိပြုသည်။


















































