Connect with us

Hi, what are you looking for?

သတင်း

ကျွန်းပေါ်ကျေးရွာများ၌ ချေးငွေပြန်လည်ကောက်ခံမှု ခေတ္တရပ်ဆိုင်းထားရန် တောကြီးမြွေပွေးအဖွဲ့ သတိပေး

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာများ၌ ချေးငွေများအား ဆက်လက်ကောက်ခံခြင်းမပြုရန် စစ်​ကိုင်းတိုင်း၊ ဝက်လက်နယ်အခြေစိုက် တောကြီးမြွေပွေးအဖွဲ့က သတိပေးကြေညာသည်။

ချေးငွေလုပ်ငန်းများကို တာဝန်ယူကောက်ခံပေးနေသူများ ဆက်လက်ကောက်ခံပေးခြင်းမပြုရန်နှင့် ပြည်သူ့အာဏာ ပြည်သူပြန်ရသည့်အချိန်ထိ စောင့်ဆိုင်းပေးရန် တောကြီး​မြွေပွေးအဖွဲ့က ယနေ့ (သြဂုတ် ၃၀ ရက်) အသိပေးကြေညာခဲ့သည်။

(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပြည်သူတွေ ခက်ခဲနေတဲ့အချိန်မှာ ချေးငွေကြောင့် အခက်ခဲဖြစ်နေရလို့ပါ။ အခုချိန်မှာ ပြည်သူတွေမှာ ထမင်းစားဖို့တောင် အနိုင်နိုင်​ဖြစ်နေလို့ပါ။”ဟု တောကြီးမြွေပွေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျွန်း​ပေါ်ကျေးရွာများသည် မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်နှင့်နီးပြီး အကြမ်းဖက်စစ်တပ်က ထိုကျွန်းပေါ်ကျေးရွာများမှ ဝက်လက်နယ်ဘက်သို့ လက်နက်ကြီးဖြင့်ထုခြင်း၊ ဝက်လက်နယ်အတွင်းသို့ ဝင်ရောက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။