Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းပေါ်ကျေးရွာများ၌ ချေးငွေပြန်လည်ကောက်ခံမှု ခေတ္တရပ်ဆိုင်းထားရန် တောကြီးမြွေပွေးအဖွဲ့ သတိပေး

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ်ကျေးရွာများ၌ ချေးငွေများအား ဆက်လက်ကောက်ခံခြင်းမပြုရန် စစ်​ကိုင်းတိုင်း၊ ဝက်လက်နယ်အခြေစိုက် တောကြီးမြွေပွေးအဖွဲ့က သတိပေးကြေညာသည်။

ချေးငွေလုပ်ငန်းများကို တာဝန်ယူကောက်ခံပေးနေသူများ ဆက်လက်ကောက်ခံပေးခြင်းမပြုရန်နှင့် ပြည်သူ့အာဏာ ပြည်သူပြန်ရသည့်အချိန်ထိ စောင့်ဆိုင်းပေးရန် တောကြီး​မြွေပွေးအဖွဲ့က ယနေ့ (သြဂုတ် ၃၀ ရက်) အသိပေးကြေညာခဲ့သည်။

(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(စဥ့်ကူးနှင့် မတ္တရာနယ်ရှိ ကျွန်းပေါ်ကျေးရွာအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

အသိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက်တောင်းခံနေပါက တာဝန်ယူတောင်းခံပေးနေသူ၏ အသက်ကို တာဝန်မယူကြောင်းအသိပေးကြေညာအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပြည်သူတွေ ခက်ခဲနေတဲ့အချိန်မှာ ချေးငွေကြောင့် အခက်ခဲဖြစ်နေရလို့ပါ။ အခုချိန်မှာ ပြည်သူတွေမှာ ထမင်းစားဖို့တောင် အနိုင်နိုင်​ဖြစ်နေလို့ပါ။”ဟု တောကြီးမြွေပွေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျွန်း​ပေါ်ကျေးရွာများသည် မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်နှင့်နီးပြီး အကြမ်းဖက်စစ်တပ်က ထိုကျွန်းပေါ်ကျေးရွာများမှ ဝက်လက်နယ်ဘက်သို့ လက်နက်ကြီးဖြင့်ထုခြင်း၊ ဝက်လက်နယ်အတွင်းသို့ ဝင်ရောက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။